ယောရှု 10:11Common Language Bibleဣသရေလတပ်သားများတိုက်ခိုက်သဖြင့် အာမောရိတပ်သားတို့သည် တောင်ကြားလမ်း သို့ဆင်းပြေးကြစဉ်အဇေကာမြို့အထိ လမ်းတစ်လျှောက်လုံးတွင်ကောင်းကင်မှမိုးသီး လုံးကြီးများကိုသူတို့အပေါ်သို့ထာဝရ ဘုရားရွာကျစေတော်မူ၏။ မိုးသီးဒဏ် ကြောင့်သေသူတို့သည် ဣသရေလအမျိုး သားတို့၏လက်ချက်ကြောင့်သေသူတို့ ထက်ပို၍များသတည်း။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်သူတို့အားတိုက်ခိုက် စေရန် တန်ခိုးခွန်အားကြီးမားသူတစ်ဦး ကိုအသင့်ထားရှိတော်မူ၏။ ထိုသူသည် မိုးသီးမုန်တိုင်းကဲ့သို့လည်းကောင်း၊ အဟုန် ပြင်းသည့်မိုးကဲ့သို့လည်းကောင်း၊ ထိန်းချုပ် ၍မရနိုင်သည့်မြစ်လျှံရေကဲ့သို့လည်း ကောင်း တစ်ပြည်လုံးကိုလွှမ်းခြုံနှိမ်နင်း ပစ်လိမ့်မည်။-
ထာဝရဘုရားသည်လူအပေါင်းတို့အား အာနုဘော်တော်နှင့်ပြည့်ဝသည့်အသံတော် ကိုကြားစေတော်မူ၍ မိမိ၏အမျက်တော် အရှိန်ကိုခံစားစေတော်မူလိမ့်မည်။ မီး တောက်မီးလျှံများ၊ မိုးထစ်ချုန်းမှု၊ မိုးသီး များကျမှုနှင့်သည်းထန်စွာမိုးရွာသွန်း မှုကိုဖြစ်ပွားစေတော်မူလိမ့်မည်။-