Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 1:4

Common Language Bible

သင်​တို့​၏​ပြည်​သည်​တောင်​ဘက်​သဲ​ကန္တာ​ရ မှ မြောက်​ဘက်​လေ​ဗ​နုန်​တောင်​အ​ထိ​လည်း ကောင်း၊ အ​ရှေ့​ဘက်​ဥ​ဖ​ရတ်​မြစ်​မှ​ဟိတ္တိ ပြည်​ကို​ဖြတ်​၍ အ​နောက်​ဘက်​မြေ​ထဲ ပင်​လယ်​အ​ထိ​လည်း​ကောင်း​ကျယ်​ပြန့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အီ​ဂျစ်​ပြည်​မှ​ရထား​များ​တင်​သွင်း​မှု​ကို​မင်း ကြီး​၏​အ​ဝယ်​တော်​များ​က​ချုပ်​ကိုင်​ထား​ကြ​၏။ သူ​တို့​သည်​ဟိတ္တိ​နှင့်​ရှု​ရိ​ဘု​ရင်​တို့​အား​မြင်း တစ်​ကောင်​လျှင် ငွေ​သား​ခြောက်​ရာ​နှုန်း​ဖြင့်​လည်း ကောင်း၊ ရထား​တစ်​စီး​လျှင်​ငွေ​သား​တစ်​ရာ့​ငါး ဆယ်​နှုန်း​ဖြင့်​လည်း​ကောင်း​ရောင်း​ချ​ကြ​လေ သည်။

ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​မှ​ဖိ​လိတ္တိ​ပြည် နှင့်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင်​အောင် ရှိ​သ​မျှ သော​တိုင်း​နိုင်​ငံ​တို့​ကို​အ​စိုး​ရ​တော်​မူ​၏။ ထို​နိုင်​ငံ​တို့​သည်​မင်း​ကြီး​အား​အ​ခွန် ပဏ္ဏာ​ဆက်​သ​ကြ​၍ မင်း​ကြီး​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​သူ​၏​လက်​အောက် ခံ​နိုင်​ငံ​များ​ဖြစ်​ကြ​၏။

ထို​နောက်​ဒါ​ဝိဒ်​မင်း​သည်​ဟာမတ်​မြို့​အ​နီး​တွင် ဇောဘ​ဘု​ရင်​ဟာ​ဒ​ဒေ​ဇာ​ကို​တိုက်​ခိုက်​တော် မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဟာ​ဒ​ဒေ​ဇာ သည်​ဥ​ဖ​ရတ်​မြစ်​အ​ထက်​ပိုင်း​ရှိ​နယ်​မြေ ကို​သိမ်း​ယူ​ရန်​ကြိုး​စား​အား​ထုတ်​သော ကြောင့်​ဖြစ်​၏။-

ဂိ​လဒ်​ပြည်​တွင်​သူ​တို့​၏​သိုး​အုပ်၊ နွား​အုပ် ကြီး​များ​ပွား​များ​၍​လာ​သ​ဖြင့် သူ​တို့​၏ နယ်​မြေ​သည်​အ​ရှေ့​ဘက်​သဲ​ကန္တာ​ရ​အ​ဆုံး ဥ​ဖ​ရတ်​မြစ်​သို့​တိုင်​အောင်​ကျယ်​ပြန့်​၏။

တန်​ခိုး​ကြီး​သော​ဘု​ရင်​များ​သည်​ထို​မြို့​တွင်​စိုး​စံ​ကာ ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​တစ်​ခု​လုံး​မှ​အ​ခွန်​ဘဏ္ဍာ​တော်​များ​ကို​ကောက်​ခံ​ခဲ့​ကြ​၏။-

ငါ​သည်​သင်​တို့​တိုင်း​ပြည်​၏​နယ်​နိ​မိတ်​ကို ပင်​လယ်​နီ​မှ​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း၊ တော​ကန္တာ​ရ​မှ​ဥ​ဖ​ရတ်​မြစ်​သို့​လည်း​ကောင်း ကျယ်​ပြန့်​စေ​မည်။ ငါ​သည်​ထို​ပြည်​သား​တို့ ကို​သင်​တို့​၏​လက်​သို့​အပ်​သ​ဖြင့် သင်​တို့​သည် သူ​တို့​အား​နှင်​ထုတ်​နိုင်​လိမ့်​မည်။-

စ​ခန်း​သိမ်း​၍​ခ​ရီး​ဆက်​ကြ​လော့။ အာ​မော​ရိ အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​တောင်​ကုန်း​ဒေ​သ နှင့် ၎င်း​အ​နီး​ရှိ​ဒေ​သ​များ​ဖြစ်​သော​တောင် ကုန်း​ဒေ​သ၊ လွင်​ပြင်​ဒေ​သ၊ တောင်​ဘက်​ဒေ​သ၊ မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ​တို့​သို့​သွား​ကြ​လော့။ ခါ​နာန်​ပြည်​သို့​သွား​ကြ​လော့။ ထို​မှ​တစ်​ဖန် လေ​ဗ​နုန်​တောင်​ကို​ကျော်​၍ ဥ​ဖ​ရတ်​မြစ်​သို့ တိုင်​အောင်​သွား​ကြ​လော့။-

သင်​တို့​ခြေ​နင်း​သ​မျှ​သော​မြေ​ကို​ပိုင်​ရ​လိမ့် မည်။ သင်​တို့​၏​နယ်​မြေ​သည်​တောင်​ဘက်​တော ကန္တာ​ရ​မှ မြောက်​ဘက်​လေ​ဗ​နုန်​တောင်​သို့​တိုင် အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ဥ​ဖ​ရတ်​မြစ် မှ​အ​နောက်​ဘက်​မြေ​ထဲ​ပင်​လယ်​သို့​တိုင်​အောင် လည်း​ကောင်း​ကျယ်​ပြန့်​လိမ့်​မည်။-

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အား​ယော်ဒန်​မြစ်​ကို ကူး​စေ​၍ တစ်​ဘက်​တွင်​ရှိ​သော​မြေ​သြ​ဇာ​ကောင်း သည့်​ပြည်​ကို​လည်း​ကောင်း၊ သာ​ယာ​သည့်​တောင် ကုန်း​ဒေ​သ​နှင့်​လေ​ဗ​နုန်​တောင်​ကို​လည်း​ကောင်း တွေ့​မြင်​ခွင့်​ပေး​တော်​မူ​ပါ' ဟု​တောင်း​ပန် လျှောက်​ထား​၏။''

ထို​အ​သံ​က​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​အား``ဥ ဖ​ရတ်​မြစ်​ကြီး​အ​နီး​မှာ​ချည်​နှောင်​ထား​သော ကောင်း​ကင်​တ​မန်​လေး​ပါး​ကို​ဖြေ​လွှတ်​လော့'' ဟု​ဆို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ