ထိုနောက်ယောရှုသည်ရုဗင်အနွယ်၊ ဂဒ်အနွယ် နှင့်မနာရှေအနွယ်တစ်ဝက်တို့အား၊-
ဒါဝိဒ်မင်းသည်ယေရိယ၏ဆွေမျိုးများ ထဲမှ ထူးချွန်သူအိမ်ထောင်ဦးစီးနှစ်ထောင့် ခုနစ်ရာကိုရွေးချယ်၍ရုဗင်ပြည်၊ ဂဒ် ပြည်နှင့်မနာရှေအရှေ့ပိုင်းတို့တွင်ဘာသာ ရေးနှင့် မြို့ပြရေးရာအမှုကိစ္စမှန်သမျှ တို့ကိုစီမံအုပ်ချုပ်ရန်တာဝန်ပေးအပ် တော်မူ၏။
ရုဗင်၊ ဂဒ်နှင့်အရှေ့ပိုင်းမနာရှေတို့တွင် လေး၊ ဋ္ဌား၊ ဒိုင်းလွှားကိုင်ဆောင်မှုတွင်ကောင်း စွာကျင်လည်သူ စစ်သားပေါင်းလေးသောင်း လေးထောင်ခုနစ်ရာ့ခြောက်ဆယ်ရှိ၏။-
ထိုနောက်ယောရှုသည်ရုဗင်၊ ဂဒ်နှင့်အရှေ့ ဘက်မနာရှေအနွယ်ဝင်တို့ကိုဆင့်ခေါ် ပြီးလျှင်၊-
``သင်တို့သည်ထာဝရဘုရား၏အစေခံ မောရှေမိန့်မှာသမျှကိုဆောင်ရွက်၍ ငါ၏ အမိန့်အားလုံးကိုလည်းလိုက်နာခဲ့ကြ ပြီ။-