သို့ရာတွင်နောက်တစ်နေ့မိုးသောက်ချိန်၌ ဘုရားသခင်သည်ယောနအရိပ်ခိုနေ သောအပင်ကို ပိုးကောင်တစ်ကောင်အား ကိုက်စေသဖြင့်ထိုအပင်သေလေ၏။-
အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
စပျစ်နွယ်ပင်များနှင့်သဖန်းပင်တို့သည်ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။ သီးပင်မှန်သမျှတို့သည်ညှိုးနွမ်း၍သေကြလေကုန်ပြီ။ လူတို့မှာလည်းပျော်ရွှင်မှုမရှိတော့ပေ။
ထိုအခါယောနအားနေပူရှိန်မှသက်သာ စေရန် ထာဝရအရှင်ဘုရားသခင်သည် ကြက်ဆူပင်တစ်ပင်ကိုပေါက်စေပြီးလျှင် ယောန၏အပေါ်သို့အရိပ်ကျစေတော် မူ၏။ ယောနသည်ထိုအပင်ပေါက်လာသည့် အတွက်အလွန်ဝမ်းသာလျက်ရှိ၏။-