ထာဝရဘုရားက``သင်ဤသို့အမျက် ထွက်သင့်သလော'' ဟုမေးတော်မူ၏။
ထိုအခါထာဝရဘုရားက``သင်သည်အဘယ် ကြောင့်ဒေါသထွက်၍မျက်မှောင်ကြုတ်ရသ နည်း။-
အာဟပ်သည်နာဗုတ်၏စကားကြောင့်စိတ် မချမ်းမသာဖြစ်၏။ အမျက်ထွက်၍နန်းတော် သို့ပြန်တော်မူ၏။ သူသည်နံရံဘက်သို့လှည့်၍ အိပ်ရာပေါ်တွင်လှဲလျောင်းကာပွဲတော်မတည် ဘဲနေ၏။-
အမျက်တော်ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ် တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှများသော အဘိုးကိုပေးသော်လည်း ကိုယ်ကို မရွေးမနှုတ်နိုင်။
ဤသို့ဖြစ်ရခြင်းကြောင့်ယောနသည်လွန်စွာ စိတ်မကျေမချမ်းဖြစ်၍စိတ်ဆိုးသဖြင့်၊-
သို့ဖြစ်၍ အို ထာဝရဘုရား၊ ယခုပင်လျှင် အကျွန်ုပ်အားသေရသောအခွင့်ကိုပေး တော်မူပါ။ အကျွန်ုပ်အတွက်အသက်ရှင် ရခြင်းထက်သေရခြင်းကသာ၍ကောင်း ပါ၏'' ဟုဆုတောင်းလေ၏။
ထိုနောက်ယောနသည်မြို့အရှေ့ဘက်သို့ ထွက်၍ မိမိအတွက်တဲထိုးပြီးလျှင်တဲ၏ အရိပ်အောက်တွင်ထိုင်လျက် နိနေဝေမြို့ မည်သို့ဖြစ်မည်ကိုစောင့်ကြည့်နေ၏။-
သို့ရာတွင်ဘုရားသခင်ကယောနအား``ကြက် ဆူပင်တစ်ပင်အတွက်သင်အမျက်ထွက်သင့် သလော'' ဟုမေးတော်မူ၏။ ယောနက``သေချင်အောင်အမျက်ထွက် ပါ၏'' ဟုလျှောက်၏။
ထာဝရဘုရားက``ငါ၏လူမျိုးတော်တို့၊ သင်တို့ဤမျှလောက်ဆိုးရွားလာစေရန် သင်တို့အားငါမည်ကဲ့သို့ပြုလုပ်ခဲ့ဖူး သနည်း။ ငါ့အားဖြေကြားလော့။-
``အာရုန်သည်အနိစ္စရောက်လိမ့်မည်။ သူသည် ဣသရေလအမျိုးသားတို့အား ငါကတိ ထားသောပြည်သို့ဝင်ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးသည် မေရိဘအရပ်တွင် ငါ၏အမိန့်တော်ကို မနာခံခဲ့သောကြောင့်ဖြစ်သည်။-
ငါပိုင်သည့်ငွေကိုငါအလိုရှိသည့်အတိုင်းမသုံး စွဲအပ်ပါသလော။ ငါရက်ရောသောကြောင့်သင် မနာလိုဝန်တိုစိတ်ရှိသလော' ဟုဆို၏'' ဟူ၍ မိန့်တော်မူသည်။