Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​န 3:7

Common Language Bible

ထို​နောက်​နိ​နေ​ဝေ​ဘု​ရင်​သည်​နိ​နေ​ဝေ​မြို့ သူ​မြို့​သား​တို့​သိ​ကြ​စေ​ရန်​အ​မိန့်​တော် ကို​ထုတ်​ပြန်​လိုက်​၏။ ထုတ်​ပြန်​ချက်​မှာ``ဤ အ​မိန့်​ကား​ဘု​ရင်​နှင့်​မှူး​မတ်​များ​ထံ​မှ ဖြစ်​၏။ အ​ဘယ်​သူ​မျှ​အ​စား​အ​စာ​မ​စား​ရ၊ လူ​အား​လုံး​နှင့်​တိ​ရစ္ဆာန်​အား​လုံး​တို့​သည် အ​စာ​မ​စား​ရ၊ ရေ​မ​သောက်​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ယော​ရှ​ဖတ်​သည်​ကြောက်​လန့်​သ​ဖြင့်​လမ်း ပြ​တော်​မူ​ရန် ထာ​ဝ​ရ​ဘု​ရား​ထံ​ပတ္ထ​နာ​ပြု တော်​မူ​၏။ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​၌ အ​စာ​ရှောင်​ရန်​နေ့​ကို​သတ်​မှတ်​တော်​မူ​၏။-

ဘု​ရား​သ​ခင်​သည်​ငါ​တို့​ခ​ရီး​ပြု​ရာ​တွင် ရှေ့​ဆောင်​လမ်း​ပြ​တော်​မူ​၍​ငါ​တို့​နှင့်​တ​ကွ သား​သ​မီး​များ​နှင့်​ပစ္စည်း​ဥစ္စာ​များ​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​စိမ့်​သော​ငှာ ငါ​တို့​ရှိ​သ​မျှ သည်​ကိုယ်​တော်​၏​ရှေ့​တော်​၌​စိတ်​နှ​လုံး​နှိမ့်​ချ လျက် အ​စာ​ရှောင်​ကြ​ရန်​ထို​အ​ဟာ​ဝ​တူး မြောင်း​အ​နီး​တွင် ငါ​အ​မိန့်​ထုတ်​ပြန်​ခဲ့​၏။-

ကျွဲ​နွား​တို့​သည်​စား​ကျက်​များ​မ​ရှိ​သ​ဖြင့်​ဒုက္ခ​ရောက်​ကာ​မြည်​တွန်​နေ​ကြ​၏။ သိုး​အုပ်​များ​သည်​လည်း​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။

နိ​နေ​ဝေ​မြို့​သူ​မြို့​သား​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​ယုံ​ကြ​၏။ သို့​ဖြစ်​၍ နောင်​တ​ရ​သည့်​လက္ခ​ဏာ​ဖြင့်​ဂုဏ်​ရှိ​ဂုဏ်​မဲ့ တစ်​ယောက်​မ​ကျန်​အ​စာ​ရှောင်​၍​လျှော်​တေ ကို​ဝတ်​ကြ​ရန်​ဆုံး​ဖြတ်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ