Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​န 1:8

Common Language Bible

သို့​ဖြစ်​၍​သူ​တို့​က``ဤ​ကဲ့​သို့​ဘေး​ဒုက္ခ​ရောက်​ရ​သည်​မှာ အ​ဘယ်​သူ​၏​အပြစ်​ကြောင့်​နည်း။ ငါ​တို့​အား​ပြော​ပြ​ပါ။ သင်​သည်​အ​ဘယ်​ကိစ္စ​ဖြင့်​ဤ​သင်္ဘော​ပေါ်​သို့​ရောက်​နေ​ပါ​သ​နည်း။ အ​ဘယ်​ပြည်​မှ​လာ​ပါ​သ​နည်း။ အ​ဘယ်​အမျိုး​သား​ဖြစ်​ပါ​သ​နည်း'' ဟု​ယော​န​အား​မေး​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရော​ဘု​ရင်​က​ယော​သပ်​၏​အစ်​ကို​တို့ အား``သင်​တို့​မည်​သည့်​အ​လုပ်​ကို​လုပ်​ကိုင် ကြ​သ​နည်း'' ဟု​မေး​လေ​၏။ သူ​တို့​က``ကျွန်​တော်​မျိုး​တို့​သည်​ဘိုး​ဘေး များ​ကဲ့​သို့​သိုး​ထိန်း​များ​ဖြစ်​ကြ​ပါ​သည်။-

သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​၍ အ​ချင်း​ချင်း အ​တွက်​ဆု​တောင်း​သ​ဖြင့်​သင်​တို့​၏​ရော​ဂါ များ​ပျောက်​ကင်း​လိမ့်​မည်။ သူ​တော်​ကောင်း​၏ ဆု​တောင်း​ပတ္ထ​နာ​သည်​အ​လွန်​တန်​ခိုး​ပါ​၏။-

ယော​ရှု​က​သူ့​အား``ငါ့​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​တွင်​မှန်​ရာ​ကို​ပြော​၍​ဝန်​ခံ လော့။ သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​မ​ထိမ်​မ​ချန် ဘဲ​ငါ့​အား​ထုတ်​ဖော်​ပြော​ကြား​လော့'' ဟု ဆို​လေ​၏။

ထို​အ​ခါ​ရှော​လု​သည်​ယော​န​သန်​အား``သင် အ​ဘယ်​အ​မှု​ကို​ပြု​သ​နည်း'' ဟု​မေး​၏။ ယော​န​သန်​က``အ​ကျွန်ုပ်​သည်​ပျား​ရည်​အ​နည်း ငယ်​ကို​စား​မိ​ပါ​၏။ အ​မိန့်​တော်​အ​တိုင်း​သေ ဒဏ်​ခံ​ရန်​အ​ကျွန်ုပ်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် လျှင်၊

ဒါ​ဝိဒ်​သည်​သူ့​အား``သင်​၏​သ​ခင်​ကား​မည်​သူ နည်း။ သင်​အ​ဘယ်​အ​ရပ်​မှ​လာ​သ​နည်း'' ဟု မေး​၏။ လူ​ငယ်​က``ကျွန်​တော်​သည်​အာ​မ​လက်​အ​မျိုး သား​တစ်​ဦး​၏​ကျွန်၊ အီ​ဂျစ်​လူ​မျိုး​ဖြစ်​ပါ​၏။ ဖျား​နာ​နေ​သော​ကြောင့်​ကျွန်​တော်​အား​လွန်​ခဲ့ သည့်​သုံး​ရက်​က​ပင်​သ​ခင်​က​ထား​ခဲ့​ပါ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ