Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​န 1:4

Common Language Bible

သင်္ဘော​သည်​ပင်​လယ်​တွင်း​သို့​ရောက်​သွား​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ပြင်း​မုန်​တိုင်း​ကြီး​ကို​တိုက်​ခတ်​စေ​တော်​မူ​၏။ ထို​လေ​မုန်​တိုင်း​ကြီး​သည်​လွန်​စွာ​ပြင်း​ထန်​လှ​သ​ဖြင့်​သင်္ဘော​သည်​ပျက်​လု​မ​တတ်​ရှိ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ကောင်း​ကင်​နှင့်​ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း၊ ပင်​လယ်​နှင့်​ပင်​လယ်​အောက်​နက်​ရှိုင်း​ရာ အ​ရပ်​တို့​၌​လည်း​ကောင်း အ​လို​တော်​အ​ရ​ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​တော်​မူ​၏။

ကမ္ဘာ​မြေ​ကြီး​စွန်း​မှ​မိုး​တိမ်​တို့​ကို​တက်​စေ တော်​မူ​၍ မိုး​သက်​မုန်​တိုင်း​များ​အ​တွက်​လျှပ်​စစ်​လျှပ် နွယ်​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ လေ​ကို​လည်း​မိ​မိ​၏​လှောင်​တိုက်​တော်​ထဲ​က ထုတ်​ဆောင်​လာ​တော်​မူ​၏။

သို့​ဖြစ်​၍​မော​ရှေ​သည်​မိ​မိ​၏​တောင်​ဝှေး ကို​ကိုင်​လျက် လက်​ကို​ဆန့်​လိုက်​ရာ​ထာ​ဝ​ရ ဘု​ရား​သည် ထို​နေ့​နှင့်​တစ်​ည​ပတ်​လုံး​အရှေ့ ဘက်​မှ​လေ​ပြင်း​တိုက်​ခတ်​စေ​တော်​မူ​၏။ နံ​နက်​ရောက်​သော်​ထို​အ​ရှေ့​လေ​ဖြင့် ကျိုင်း​ကောင်​များ​ရောက်​ရှိ​လာ​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​လေ​ကို​အ​နောက် လေ​ပြင်း​အ​ဖြစ်​သို့​ပြောင်း​လဲ​တိုက်​ခတ်​စေ သ​ဖြင့် ကျိုင်း​ကောင်​တို့​ကို​လေ​နှင့်​ဆောင်​ယူ​ပြီး လျှင်​ပင်​လယ်​နီ​ထဲ​သို့​ကျ​စေ​၏။ အီ​ဂျစ်​ပြည် တစ်​လျှောက်​လုံး​တွင်​ကျိုင်း​ကောင်​တစ်​ကောင် မျှ​မ​ကျန်​တော့​ချေ။-

မော​ရှေ​သည်​ပင်​လယ်​ပေါ်​သို့​လက်​ကို​ဆန့် လိုက်​ရာ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​ဘက် မှ​လေ​ပြင်း​ကို​တစ်​ည​လုံး​တိုက်​ခတ်​စေ သ​ဖြင့် ပင်​လယ်​ရေ​ကွဲ​၍​အောက်​ခြေ​၌ ခြောက်​သွေ့​သော​မြေ​ပေါ်​စေ​တော်​မူ​၏။-

သို့​သော်​လည်း​ကိုယ်​တော်​သည်​လေ​ကို မှုတ်​တော်​မူ​လိုက်​သ​ဖြင့်၊ ပင်​လယ်​ရေ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​ကို ဖုံး​လွှမ်း​လေ​၏။ သူ​တို့​သည်​လှိုင်း​တံ​ပိုး​ကြား​တွင်​ခဲ​ကဲ့​သို့ နစ်​မြုပ်​ကုန်​၏။

အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ​မိုး​ကောင်း​ကင် အထက်​ရှိ ရေ​တို့​သည်​အ​သံ​မြည်​ဟည်း​ကြ​ကုန်​၏။ ကိုယ်​တော်​သည်​မြေ​ကြီး​စွန်း​မှ​မိုး​တိမ်​များ​ကို တက်​စေ​တော်​မူ​၏။ မိုး​ရွာ​လျက်​နေ​စဉ်​လျှပ်​စစ်​များ​ကို​ပြက်​စေ တော်​မူ​ကာ မိ​မိ​သို​လှောင်​ထား​ရာ​မှ​လေ​ကို​လည်း တိုက်​စေ​တော်​မူ​၏။

တောင်​များ​ကို​တည်​၍​လေ​အ​ဟုန်​တို့​ကို ဖန်​ဆင်း​သော​အ​ရှင်​သည်​ဘု​ရား​သ​ခင်​ပင် ဖြစ်​၏။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​ကြံ​အ​စည် တော်​တို့​ကို လူ​သား​တို့​အား​သိ​စေ​တော်​မူ​ပြီ။ နေ့​ချိန်​တာ​ကို​ည​ဦး​ယံ​အဖြစ်​သို့​ကူး​ပြောင်း စေ​ခဲ့​ပြီ။ ကမ္ဘာ​မိုး​မြေ​အ​ထွတ်​အ​ထိပ်​တွင်​အုပ်​စိုး​လျက် နေ​တော်​မူ​ပြီ။ ကိုယ်​တော်​၏​ဘွဲ့​နာ​မ​တော်​ကား​ကောင်း​ကင် ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ်​ဘက်​မှ​လေ​ကို တိုက်​စေ​သ​ဖြင့် လေ​နှင့်​အ​တူ​ငုံး​ငှက်​များ​ပါ လာ​၏။ ထို​ငုံး​ငှက်​များ​သည်​မြေ​ပြင်​အ​ထက် သုံး​ပေ​အ​မြင့်​မှ​ပျံ​သန်း​လာ​၍ စ​ခန်း​အ​တွင်း နှင့်​စ​ခန်း​အ​ပြင်​မိုင်​များ​စွာ​ပတ်​လည်​နေ​ရာ အ​နှံ့​အ​ပြား​တွင်​နား​ကြ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ