ယောဘဝတ္တု။ 9:26Common Language Bibleလျင်မြန်သော သင်္ဘောကဲ့သို့၎င်း၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့၎င်း၊ လွန်သွားတတ်ကြ ၏။ အခန်းကိုကြည့်ပါ။ |
ထိုပြည်မှသံတမန်များသည်ကူရိုးဖြင့် ပြီးသည့်လှေများဖြင့် နိုင်းမြစ်ကိုစုံဆင်း လာကြ၏။ ``အချင်းခြေလျင်သံတမန်တို့၊ ဌာနေသို့ပြန်ကြလော့။ နိုင်းမြစ်ဖျားတွင် တည်ရှိသည့်ကမ္ဘာတစ်ဝှမ်းလုံးကကြောက်ရွံ့ ကြ၍ ခွန်အားတန်ခိုးကြီးမားသည့်ရုပ်ရည် ချောမောမြင့်မားသည့်သင်တို့ပြည်သား များထံ ဤသတင်းစကားကိုယူဆောင် သွားကြလော့။
``သူတို့၏မြင်းများသည်ကျားသစ်ထက်လျင်မြန်၍ အစာဆာလောင်နေသောဝံပုလွေထက်ပင်ကြောက်မက်ဖွယ်ကောင်း၏။ မြင်းစီးသူရဲတို့သည်မြင်းများကို ရပ်ဝေးမှအပြင်းနှင်၍လာကြ၏။ သူတို့၏မြင်းများသည်မြေကိုခွာဖြင့်ရှပ်ကြ၏။ သူတို့သည်အစာကိုချီသုတ်မည့်လင်းယုန်ငှက်ကဲ့သို့တစ်ရှိန်ထိုးမောင်းနှင်လာလေသည်။