သူ့ကိုသုတ်သင်ပယ်ရှင်း၍၊ မိမိနေရာအရပ်က သင်သည်ငါမတွေ့မမြင်စဖူးဟူ၍ သူ့ကိုငြင်းပယ်လိမ့်မည်။
မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည်။ သူ့ကို မြင်ဘူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။
သူ့ကိုမြင်ဘူးသော မျက်စိသည် နောက်တဖန် သူ့ကို မကြည့်မရှုရ။ သူ၏နေရာအရပ်သည် နောက် တဖန်သူ့ကိုမမြင်ရ။
မိမိအိမ်သို့မပြန်ရ။ သူ၏နေရင်းအရပ်သည် နောက်တဖန် သူ့ကိုမသိရ။
ငါ့ကို မြင်သောသူသည် နောက်တဖန်မမြင်ရ။ ကိုယ်တော်သည် ကြည့်ရှုတော်မူသောအခါ ငါပျောက်ပါ ပြီ။
အမြစ်အားဖြင့် စမ်းရေတွင်းကိုဝိုင်း၍ ကျောက် ထူသောအရပ်ကို တွေ့မြင်လျက်ရှိသော်လည်း၊
လေတိုက်သောအခါပန်းပွင့်သည် ကြွေပျောက်၍သွားသဖြင့် ယင်းကိုနောက်တစ်ဖန်မတွေ့မမြင်ရတော့ပေ။
ကာလအနည်းငယ်အတွင်း၌သူယုတ်မာ တို့သည် ပျောက်ကွယ်သွားကြလိမ့်မည်။ သင်သည်သူတို့ကိုရှာသော်လည်း တွေ့လိမ့်မည်မဟုတ်။
သို့ရာတွင်နောက်တစ်ကြိမ်ငါဖြတ်သွားသော အခါ သူသည်ထိုအရပ်တွင်မရှိတော့ပြီ။ သူ့ကိုရှာသော်လည်းမတွေ့မမြင်နိုင်တော့ပေ။
ထိုအရာကား၊သူယုတ်မာတို့သည်ပေါင်းပင်များ သဖွယ် ကြီးပွားတိုးတက်၍ မကောင်းမှုပြုသူတို့သည်ကောင်းစားကြသော်လည်း ထိုသူတို့သည်လုံးဝသုတ်သင်ပယ်ရှင်းခြင်းကို ခံကြရမည်ဖြစ်၏။