ယောဘဝတ္တု။ 7:16Common Language Bibleငါသည်အားလျော့လျက်ရှိ၏။ အစဉ်မပြတ်အသက်မရှင်ရာ။ ငါ့ကိုတတ်တိုင်း ရှိစေတော်မူပါ။ ငါ့အသက်သည် အခိုးအငွေ့ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
တစ်နေ့လုံးတောကန္တာရတွင်ခရီးပြုလေသည်။ သူသည်သစ်ပင်အရိပ်တစ်ခုသို့ရောက်သော အခါထိုင်လျက်သေလျှင်သာ၍ကောင်း၏ဟု ဆို၍``အို ထာဝရဘုရား၊ ဤအဖြစ်ဆိုးလွန်း ပါ၏။ အကျွန်ုပ်၏အသက်ကိုရုပ်သိမ်းတော် မူပါ။ အကျွန်ုပ်သည်သေရသော်သာ၍ကောင်း ပါသေး၏'' ဟူသောဆုကိုတောင်းလေ၏။
နေထွက်လာပြီးနောက်ဘုရားသခင်သည် အရှေ့လေပူကိုတိုက်ခတ်စေတော်မူ၏။ ယောန သည်မိမိဦးခေါင်းပေါ်သို့ကျရောက်လာသည့် အပူရှိန်ကြောင့် မေ့လုမတတ်ဖြစ်ပြီးလျှင် သေချင်စိတ်ပေါက်လာ၏။ သို့ဖြစ်၍ယောန က``ငါ့အဖို့မှာအသက်ရှင်နေရခြင်းထက် သေရခြင်းကပို၍ကောင်းလိမ့်ဦးမည်'' ဟု မြည်တမ်း၏။