ထိုဝိညာဉ်သည်ရပ်နေ၍၊ ပုံသဏ္ဍာန်လည်း သေချာစွာ မထင်မရှားအရိပ်ကိုသာ ငါမြင်ရ၏။ ငြင်းသော အသံရှိ၍ ငါကြားသောစကားသံဟူမူကား၊
မြေငလျင်လှုပ်ပြီးနောက်မီးလျှံတောက် လောင်လေသည်။ သို့ရာတွင်ထိုမီးလျှံထဲ၌ လည်းထာဝရဘုရားရှိတော်မမူ။ မီးလျှံ တောက်လောင်ပြီးနောက်ဖြည်းညှင်းသောအသံ ပေါ်ထွက်လာ၏။
ဝိညာဉ်တပါးသည် ငါ့ရှေ့၌ ကန့်လန့်ရှောက် သွား၍၊ ငါသည် ကြက်သီးမွေးညှင်းထလေ၏။
သေတတ်သောလူသည် ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်ခြင်းရှိရသလော။ လူသတ္တဝါသည် ဖန်ဆင်း တော်မူသော အရှင်ရှေ့မှာ သန့်ရှင်းခြင်း ရှိရသလော။