ဘမ်း၍ စားစရာမရှိသောကြောင့်၊ ကြမ်းတမ်းသော ခြင်္သေ့သည်သေ၍၊ ခြင်္သေ့မ၏သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ၏။
ယုဒသည်သားကောင်ကိုသတ်၍ သားရဲတွင်းသို့ပြန်လာသောခြင်္သေ့ကဲ့သို့ ကိုယ်ကိုစန့်လျက်ဝပ်လျက်ရှိ၏။ မည်သူကမျှသူ့အားမနှောင့်ယှက်ဝံ့။
တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေး ရကြ၏။
မတရားသောသူ၏အစွယ်တို့ကို ငါချိုး၍၊ သူ လုယူကိုက်စားသော အရာကိုနှုတ်၏။
သင်သည်ခြင်္သေ့မအဘို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော။
ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။
သူ၏သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ၏။ ရုံးတော်ရှေ့၌ ညှဉ်းဆဲခြင်းကို ခံရသောအခါ ကယ်နှုတ်သောသူ တယောက်မျှမရှိ။
ခြင်္သေ့များပင်လျှင်အစာချို့တဲ့၍ငတ်မွတ်ကြ လိမ့်မည်။ သို့ရာတွင်ထာဝရဘုရား၏စကားကို နားထောင်သူတို့မူကားကောင်းသည့်အရာ တစ်စုံတစ်ခုမျှချို့တဲ့ရလိမ့်မည်မဟုတ်။
ငယ်ရွယ်သူမိတ်ဆွေတို့၊ငါ့ထံသို့လာ၍ ငါ့စကားကိုနားထောင်ကြလော့။ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေတတ်ရန် သင်တို့အားငါသင်ကြားပေးမည်။
ကယ်ဆယ်တော်မမူပါလျှင်သူတို့သည်ခြင်္သေ့ကဲ့သို့ ကျွန်တော်မျိုးအားကယ်မည့်သူမရှိသည့်အရပ်သို့ဆွဲယူကာအပိုင်းပိုင်းကိုက်ဖြတ်ကြပါလိမ့်မည်။
ခြင်္သေ့သဖွယ်ခိုအောင်းရာမှထွက်လာလေပြီ။ လူမျိုးတကာကိုဖျက်ဆီးမည့်သူသည် ထွက်ခွာလာလေပြီ။ သူသည်ယုဒပြည်ကိုဖျက်ဆီးရန်ထွက်ခွာလာ လေပြီ။ ယုဒမြို့တို့သည်ယိုယွင်းပျက်စီးလျက် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။
``ခြင်္သေ့ဟောက်သကဲ့သို့ငါသည် ရန်သူများ ကိုဟောက်သည့်အခါငါ၏လူမျိုးတော်သည် ငါ့နောက်သို့လိုက်ကြလိမ့်မည်။ သူတို့သည် အနောက်အရပ်မှငါ့ထံသို့အဆော တလျင်လာကြလိမ့်မည်။-
ဣသရေလနိုင်ငံသည်ခွန်အားကြီးသောခြင်္သေ့ နှင့်တူ၏။ သားကောင်ကိုမသတ်ဖြတ်သွေးကိုမသောက် ရလျှင် ထိုခြင်္သေ့သည်ငြိမ်ဝပ်၍နေမည်မဟုတ်။''
ဣသရေလနိုင်ငံသည်ခွန်အားကြီးသော ခြင်္သေ့နှင့်တူ၏။ သူအိပ်နေသောအခါမည်သူမျှသူ့ကိုမနှိုးဝံ့။ ဣသရေလအမျိုးသားတို့ကိုကောင်းချီးပေး သော သူသည်ကောင်းချီးပေးခြင်းကိုခံရမည်။ ဣသရေလအမျိုးသားတို့ကိုကျိန်ဆဲသော သူသည် ကျိန်ဆဲခြင်းကိုခံရမည်။''
သခင်ဘုရားသည်ငါနှင့်အတူရှိတော်မူ၍ငါ့ကို ခွန်အားပေးတော်မူသဖြင့် ငါသည်လူမျိုးခြား အပေါင်းတို့အားတရားတော်ကိုအကုန်အစင် ဟောပြောနိုင်၏။ ကိုယ်တော်ကယ်တော်မူသဖြင့် ငါသည်သေဒဏ်ခံရခြင်းမှကင်းလွတ်ခွင့်ကို လည်းရရှိ၏။-