ယောဘဝတ္တု။ 38:12Common Language Bibleသင်သည်တသက်လုံးတွင် တခါမျှ နံနက်ကို မှာထားဘူးသလော။ မိုဃ်းသောက်လင်းကို နေရာချဘူး သလော။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ကြယ်တာရာ အပေါင်းတို့ကို ဖန်ဆင်းတော်မူ၏။ ခိမကြယ်စုနှင့်ခသိလကြယ်စုကိုလည်း ဖန်ဆင်းတော်မူခဲ့ပြီ။ အမှောင်ကိုအလင်းဖြစ်စေ၍နေ့ကိုလည်း ညအဖြစ်သို့ပြောင်းလဲခဲ့ပြီ။ ပင်လယ်ရေအပေါင်းတို့ကိုခေါ်ယူကာ မြေကြီးပေါ်မှာသွန်းတော်မူခဲ့ပြီ။ ကိုယ်တော်ရှင်၏နာမတော်မှာထာဝရဘုရား ဖြစ်တော်မူ၏။
သို့ဖြစ်၍ငါတို့သည်ပရောဖက်များကြေညာ သည့်ဗျာဒိတ်တော်ကိုပို၍စိတ်ချယုံကြည် ကြ၏။ ထိုဗျာဒိတ်တော်ကိုဂရုပြုလော့။ အဘယ် ကြောင့်ဆိုသော်ယင်းသည်အရုဏ်ကျင်းလျက် နေအလင်းပေါ်၍ သင်တို့စိတ်နှလုံးထဲတွင် အရုဏ်ကြယ်ပေါ်ထွက်ချိန်မတိုင်မီအမှောင် ထဲတွင်ထွန်းလင်းလျက်နေသည့်မီးခွက်နှင့်တူ၏။-