ငါပြောသော စကားကို ဘုရားသခင်အား ကြားလျှောက်လိမ့်မည်လော။ အကယ်၍ လူသည် ဘုရားသခင်ကို လျှောက်ဝံ့လျှင် ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။
ငါတို့သည် အဘယ်သို့လျှောက်ရမည်ကို သွန်သင်ပါ။ ငါတို့သည် မိုက်သောကြောင့်၊ အလိုအလျောက် မလျှောက်တတ်ကြ။
လေသည် လာ၍မိုဃ်းကောင်းကင်ကို ရှင်းလင်းစေသောအခါ၊ လူသည် ထွန်းလင်းသောရောင်ခြည်ကို မကြည့်နိုင်။
သို့ဖြစ်လျှင် သမုဒ္ဒရာသဲထက်သာ၍ လေးလိမ့်မည်။ ထိုကြောင့် ငါ့စကားလွန်မိပြီ။
ကျွန်တော်မျိုးနှုတ်ကိုမဖွင့်မီ၌ပင်လျှင် ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးပြောဆိုမည့် စကားတို့ကိုသိရှိပြီးဖြစ်ပါ၏။
ထာဝရဘုရားသည်မိမိ၏သန့်ရှင်းမြင့်% မြတ်သည့်ဗိမာန်တော်တွင်ရှိတော်မူ၏။ ကမ္ဘာ% မြေပေါ်ရှိလူအပေါင်းတို့သည်ရှေ့တော်၌% ငြိမ်သက်စွာနေကြစေ။