မြေပေါ်မှာ တောင်လေဖြင့်အချမ်းပျောက်စေ တော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သော အားဖြင့် နွေးသည်ကို၎င်း နားလည်သလော။
ပညာစုံလင်သောဘုရား၏ အံ့ဘွယ်သောအမှုတော်တည်းဟူသော မိုဃ်းတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကို၎င်း၊
သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။
သင်သည် ခိမကြယ်စု၏သာယာစွာ ပြုပြင်ခြင်း ကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ ချည်နှောင် ခြင်းကို ဖြည်နိုင်သလော။
အလွန်စီးတတ်သော်လည်း၊ နွေးသောအခါ ကွယ်ပျောက်တတ်၏။ နေပူသောအခါ မိမိနေရာ၌ ခန်း ခြောက်တတ်၏။
ထိုနောက်ကိုယ်တော်သည်အမိန့်ပေးတော်မူသဖြင့် ရေခဲသည်အရည်ပျော်လေ၏။ လေကိုတိုက်စေတော်မူသဖြင့် ရေသည်စီးဆင်းလေ၏။
တောင်လေလာသည်ကိုမြင်သော်နေပူလိမ့်မည် ဟုပြောတတ်ကြ၏။ သင်တို့ပြောသည့်အတိုင်း လည်းဖြစ်တတ်၏။-