Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 36:18

Common Language Bible

အမျက်တော်ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ် တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှများသော အဘိုးကိုပေးသော်လည်း ကိုယ်ကို မရွေးမနှုတ်နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်က၊ သင်္ချိုင်းတွင်းထဲသို့ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊

သင်၏ဥစ္စာကို ပမာဏပြုတော်မူမည်လော။ ရွှေကို၎င်း၊ များစွာသော စည်းစိမ်ကို၎င်း ပေးချင်သော် လည်း၊ ပမာဏပြုတော်မမူ။

ဘု​ရား​ရှင်​သည်​အ​ရှင်​မင်း​ကြီး​၏​လက်​ယာ ဘက်​တွင် ရှိ​တော်​မူ​ပါ​၏။ အ​မျက်​ထွက်​တော်​မူ​ရာ​နေ့​ရက်​၌​ကိုယ်​တော် သည် ဘု​ရင်​အ​ပေါင်း​တို့​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။

တုန်​လှုပ်​လျက်​ရှေ့​တော်​တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​လော့။ ယင်း​သို့​မ​ပြု​ပါ​မူ​ကိုယ်​တော်​သည် အ​မျက်​တော်​ထွက်​တော်​မူ​သ​ဖြင့် သင်​တို့​သည်​မု​ချ​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ ကိုယ်​တော်​ထံ​တော်​သို့​ချဉ်း​ကပ်​ခို​လှုံ​သူ အ​ပေါင်း​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။

ထို​နောက်​ကိုယ်​တော်​သည်​အ​မျက်​တော်​ထွက် လျက် သူ​တို့​အား​သ​တိ​ပေး​တော်​မူ​သ​ဖြင့် သူ​တို့​သည်​အ​မျက်​တော်​အ​ရှိန်​ကြောင့် ကြောက်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။

ထပ်​မံ​၍​ကျွန်​တော်​မျိုး​အား အ​ပြစ်​ဒဏ်​ပေး​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သည့် ဒဏ်​ရာ​ဒဏ်​ချက်​များ​ကြောင့်​ကျွန်​တော်​မျိုး သည် သေ​လု​ပါ​ပြီ။

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​အ​ချစ်​ဆုံး​သော သူ​ကို​ငါ​သည်​ရုတ်​တ​ရက်​ရုပ်​သိမ်း​မည်။ သင်​သည် မ​ညည်း​ညူ​ရ။ မ​ငို​ရ။ မျက်​ရည်​မ​ကျ​ရ။-

ထာ​ဝ​ရ​ဘု​ရား​က``သင်​ဤ​သို့​အ​မျက် ထွက်​သင့်​သ​လော'' ဟု​မေး​တော်​မူ​၏။

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က​ယော​န​အား``ကြက် ဆူ​ပင်​တစ်​ပင်​အ​တွက်​သင်​အ​မျက်​ထွက်​သင့် သ​လော'' ဟု​မေး​တော်​မူ​၏။ ယော​န​က``သေ​ချင်​အောင်​အ​မျက်​ထွက် ပါ​၏'' ဟု​လျှောက်​၏။

ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒုကဲ​အ​မြောက်​အ​မြား​ပင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ရန်​လာ​ကြ​သည်​ကို​မြင်​လျှင် ယော​ဟန် က ``အ​ချင်း​မြွေ​ဆိုး​တို့၊ သက်​ရောက်​လတ္တံ့​သော​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​မှ​လွတ်​မြောက်​နိုင်​သည်​ဟု သင်​တို့​အား​အ​ဘယ်​သူ​ပြော​သ​နည်း။-

အ​မှန်​တ​ရား​ကို​လူ​တို့​မ​သိ​စေ​ရန်​ဆီး​တား ပိတ်​ပင်​သော၊ ဆိုး​ညစ်​မှု​ကို​ပြု​ကျင့်​သော​ဘု​ရား မဲ့​သူ​တို့​၏​အ​ပြစ်​နှင့်​ဆိုး​ညစ်​မှု​အ​ပေါင်း​တို့ အ​ပေါ်​သို့ ကောင်း​ကင်​မှ​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​သည်​သက်​ရောက်​လျက်​ရှိ​ကြောင်း​ပေါ်​လွင် ထင်​ရှား​လာ​ပြီ။-

သို့​သော်​လည်း​သင်​သည်​ခေါင်း​မာ​လျက် နောင်​တ​မ​ရ။ ထို့​ကြောင့်​အ​မျက်​တော်​ပေါ် လွင်​ထင်​ရှား​ရာ၊ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင် ရာ​နေ့​ရက်​၌​သင်​သည်​ပို​မို​ကြီး​လေး​သော အ​ပြစ်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။-

အ​ချည်း​နှီး​သော​စ​ကား​ဖြင့်​အ​ဘယ်​သူ​မျှ သင်​တို့​ကို​မ​လှည့်​ဖြား​စေ​နှင့်။ ထို​အ​မှု​များ ကြောင့်​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​မ​နာ ခံ​သူ​တို့​သည်​အ​မျက်​တော်​သင့်​ကြ​လိမ့်​မည်။-

ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​ကယ်​တင် တော်​မူ​ရန်​မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။ ဤ​ကား အ​ချိန်​သင့်​သော​အ​ခါ​လူ​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ ကြောင်း​သက်​သေ​ပြ​ခြင်း​ပင်​ဖြစ်​သ​တည်း။-

ဤ​မျှ​ထူး​မြတ်​သည့်​ကယ်​တင်​ခြင်း​တ​ရား တော်​ကို​ငါ​တို့​ဂ​ရု​မ​စိုက်​ဘဲ​နေ​ကြ​ပါ​မူ အ​ဘယ်​သို့​လျှင်​ငါ​တို့​သည်​အ​ပြစ်​ဒဏ် စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​နိုင်​ကြ​ပါ​မည်​နည်း။ ထို​ကယ်​တင်​ခြင်း​တ​ရား​တော်​ကို​သ​ခင် ဘု​ရား​ကိုယ်​တော်​တိုင် ဦး​စွာ​ပ​ထ​မ​ဟော ကြား​တော်​မူ​၍​ကြား​နာ​ရ​သူ​တို့​က​ငါ တို့​အား ထို​တ​ရား​တော်​မှန်​ကန်​ကြောင်း​ကို သက်​သေ​ပြ​ခဲ့​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ