ဥာဏ်ကောင်းသော သူတို့သည် စကားပြောပါ စေ။ ပညာရှိသော သူတို့သည် ငါ့စကားကို နားထောင် ပါစေ။
သို့ဖြစ်၍ ဥာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည် ဘုရားသခင်နှင့်၎င်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။
ယခုမှာသင်သည် ဥာဏ်ရှိသည်ဖြစ်၍ ဆင်ခြင် ဦးလော့။ ငါ့စကားသံကို နားထောင်ဦးလော့။
အကြားအမြင်များသော ပညာရှိတို့၊ ငါ့စကားကို နားထောင်နာယူကြလော့။
သင်သည် ငြင်းပယ်သည်ဖြစ်စေ၊ ရွေးယူသည် ဖြစ်စေ၊ သင်၏အလိုသို့သာ ဘုရားသခင်လိုက်၍၊ အလို တော်သို့မလိုက်ဘဲ အကျိုးအပြစ်ကို ပေးတော်မူရမည် လော။ သို့ဖြစ်လျှင် နားလည်သည်အတိုင်း ပြောပါ။
ယောဘသည် နားမလည်ဘဲပြောမိပြီ။ သူပြော သောစကားသည် ပညာစကားမဟုတ်။
ငါတို့သည် ကိုယ်အဘို့အလိုငှါ စစ်၍တရား သဖြင့် စီရင်ကြကုန်အံ့။ ကောင်းသောအရာကို ကိုယ်တိုင် အားဖြင့် သိမှတ်ကြကုန်အံ့။
သင်တို့အားအသိအလိမ္မာရှိသူများအနေ ဖြင့်ငါပြောနေခြင်းဖြစ်၏။ ငါ့စကားကို စဉ်းစားဆင်ခြင်ကြလော့။-