Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 34:30

Common Language Bible

ထိုသို့ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်း အဓမ္မမင်းတို့ကို နှိမ့်ချတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ယု​ဒ​ပြည်​သူ​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​တော်​ကို​နား​မ​ထောင်​ကြ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ခါ​နာန်​ပြည် သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ချီ​တက်​လာ ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​လိုက် သည့်​လူ​မျိုး​တို့​ထက်​ပင် ပို​မို​ဆိုး​ရွား​စွာ အ​ပြစ်​ကူး​လွန်​ကြ​စေ​ရန်​မ​နာ​ရှေ​ရှေ့ ဆောင်​လမ်း​ပြ​၏။

ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။

တရားကို မုန်းသောသူသည် အစိုးရရမည်လော။ တရားသဖြင့် စီရင်၍ တန်ခိုးကြီးသောသူကို အပြစ်တင်သင့်သလော။

အကြောင်းမူကား၊ လူသွားရာလမ်းတို့ကို ဘုရား သခင်ကြည့်ရှု၍၊ လူခြေရာရှိသမျှတို့ကို မြင်တော်မူ၏။

ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။

အကျွန်ုပ်သည် ဆုံးမတော်မူခြင်းကို ခံရပါပြီ။ နောက်တဖန် မပြစ်မှားပါ။

ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။

သူ​ယုတ်​မာ​တို့​သည်​နေ​ရာ​တ​ကာ​တွင်​ရှိ​၏။ လူ​အ​ပေါင်း​တို့​သည်​မ​ကောင်း​မှု​ကို​ချီး​ကူး​ကြ​၏။

ပညာသည် စစ်လက်နက်ထက်သာ၍ ကောင်း မြတ်၏။ ဒုစရိုက်ကိုပြုသောသူသည်လည်း၊ ကောင်းသော အမှုများကို ဖျက်ဆီးတတ်၏။

ငါ​သည်​အ​မျက်​ထွက်​၍​သင်​တို့​အား​ရှင် ဘု​ရင်​များ​ကို​ပေး​ခဲ့​၏။ ငါ​သည်​အ​မျက် ဒေါ​သ​ဖြင့်​ထို​ရှင်​ဘု​ရင်​များ​ကို​ရုပ်​သိမ်း ခဲ့​ပြီ။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ညှင်း​ဆဲ နှိပ်​စက်​ခြင်း​ခံ​နေ​ရ​ကြ​၏။ သူ​တို့​သည် အ​ကူ​အ​ညီ​မ​ပေး​နိုင်​သူ​ရုပ်​တု​တို့​ထံ မှ အ​ကူ​အညီ​တောင်း​ခံ​ရန်​ဆန္ဒ​ပြင်း​ပြ နေ​သည်။-

သင်​တို့​သည်​သြ​မ​ရိ​ဘု​ရင်​နှင့်​သူ​၏​သား အာ​ဟပ်​မင်း​တို့​၏ ဆိုး​ညစ်​သည့်​စ​ရိုက်​ကို လိုက်​၍​ကျင့်​ကြ​သ​ဖြင့် ထို​ပျက်​စီး​ဆုံး​ရှုံး ခြင်း​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ လူ​တိုင်း​က သင်​တို့​ကို​ကဲ့​ရဲ့​ကြ​လိမ့်​မည်။ လူ​မျိုး တ​ကာ​တို့​သည်​သင်​တို့​ကို​သ​ရော်​ကြ လိမ့်​မည်။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ