ဘုရားသခင့်ရှေ့တော်၌ လူသည် တရားတွေ့ သောအခါ၊ အထပ်ထပ်စစ်ကြောတော်မူစရာ အကြောင်း မရှိ။
အကျွန်ုပ်တို့သည်မိမိတို့အပြစ်ဒုစရိုက် များအတွက် ဤမျှအပြစ်ဒဏ်ခံကြရပြီး သော်လည်း၊ အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည်အကျွန်ုပ်တို့အားခံထိုက်သည် ထက်ပင်လျှော့၍အပြစ်ပေးတော်မူကာ အသက်မသေဘဲကျန်ရှိစေတော်မူပြီ။-
ဘုရားသခင်သည် ဆိုးသောသူတို့၏ သဘောကို သိတော်မူ၏။ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ၏။
နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။
လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။
ဖြောင့်မတ်သောသူသည် ရှေ့တော်၌ဆွေးနွေးသော အခွင့်ရှိ၍၊ တရားရှင်သည် ငါ့အမှုကို အစဉ် ရှင်းလင်းစေတော်မူမည်။
အားကြီးသောသူတို့ကိုပင် မစစ်ကြောဘဲ ချိုးဖျက်၍၊ သူတို့အရာ၌ အခြားသောသူကို ခန့်ထားတော်မူ ၏။
ဘုရားသခင်သည် အပြစ်တင်ခြင်းငှါ အလိုတော်ရှိလျှင်၊ လူသည်အပြစ်တထောင်တွင် တခုမျှ မဖြေနိုင်။
အို ထာဝရဘုရား" ကိုယ်တော်ရှင်သည်တရားမှတတော်မူပါ၏။ ပညတ်တော်တို့သည်လည်းတရားမှတပါ၏။
သူသည်ကောက်နေသောကူရိုးကိုမချိုး၊ မှိတ် တုတ် မှိတ်တုတ်၊ သေခါနီးမီးကိုမငြိမ်းသတ်ဘဲရှိ လိမ့်မည်။ သူသည်လူအပေါင်းတို့အားတရားမျှတစွာ စီရင်အုပ်ချုပ်လိမ့်မည်။
ထာဝရဘုရားမိန့်တော်မူသည်ကား ``ငါ၌အဘယ်အပြစ်ကိုတွေ့ရှိ၍သင်တို့၏ ဘိုးဘေးတို့သည်ငါ့ထံမှထွက်သွားကြသနည်း။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများကို ဝတ်ပြုရှိခိုး၍ မိမိတို့ကိုယ်တိုင်ပင်တန်ဖိုးမဲ့လာကြ၏။
မိတ်ဆွေ၊ သင်သည်အဘယ်သူဖြစ်၍ဘုရား သခင်အားဤသို့လျှောက်ထားနိုင်သနည်း။ အဖန်ဆင်းခံကဖန်ဆင်းတော်မူရှင်အား``အရှင် သည်အဘယ်ကြောင့်အကျွန်ုပ်အားဤသို့ ဖန်ဆင်းတော်မူပါသနည်း'' ဟုမေးနိုင်မည် လော။-