ဧလိဟုသည် သူတို့ထက်အသက်ငယ်သော ကြောင့်၊ ယောဘပြောသော စကားမကုန်မှီတိုင်အောင် ဆိုင်းလင့်လျက်နေ၏။
ယောဘ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန်၍မပြောနိုင်သော်လည်း၊ ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့်၊ သူတို့ကိုလည်း အမျက်ထွက်၏။
ထိုသူသုံးယောက်တို့သည် ပြန်၍ ပြောစရာ စကားမရှိကြောင်းကို သိမြင်သောအခါ အမျက်ထွက်လေ ၏။
အကျိုးအကြောင်းကို မစစ်မှီ၊ အမှုစီရင်သော သူသည်မိုက်သော အပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသော အချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။
``အသက်ကြီးသူတို့ကိုရိုသေကိုင်းရှိုင်းရမည်။ ငါ့ကိုကြောက်ရွံ့ရိုသေရမည်။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။