Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 31:32

Common Language Bible

ဧည့်သည်သည် လမ်း၌ညဉ့်ကို မလွန်ရမည်အကြောင်း၊ ငါသည် ခရီးသွားသော သူတို့အား ကိုယ် တံခါးကို ဖွင့်ထားပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဆင်းရဲသောသူတို့၏ အဘဖြစ်၏။ အသိ အကျွမ်းမရှိသော သူတို့၏အမှုကို ငါနားထောင်၏။

ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရ သနည်းဟု မဆိုတတ်သလော။

ငါသည်လူပြုတတ်သကဲ့သို့၊ ကိုယ်ဒုစရိုက်ကိုဖုံး၍၊ ကိုယ်ရင်ထဲ၌ ကိုယ်အပြစ်ကိုဝှက်ထားဘူးသဘော။

ဆာ​ငတ်​မွတ်​သိပ်​သူ​တို့​ကို​ကျွေး​မွေး​ခြင်း၊ နေ စ​ရာ​မ​ရှိ​သည့်​ဆင်း​ရဲ​သား​တို့​အား​နေ​ရာ ထိုင်​ခင်း​ပေး​အပ်​ခြင်း၊ အ​ဝတ်​အ​စား​ချို့​တဲ့ သူ​တို့​အား​ပေး​ကမ်း​၍​သင်​တို့​အ​မျိုး​သား များ​အား​ကူ​ညီ​မ​စ​ရ​မည့်​တာ​ဝန်​ကို​မ ရှောင်​မ​လွှဲ​ဘဲ​နေ​ခြင်း​တို့​ပင်​ဖြစ်​ပေ​သည်။

သင်​တို့​သည်​ငါ​ဆာ​လောင်​မွတ်​သိပ်​စဉ်​အ​ခါ​က ငါ့​ကို​ကျွေး​မွေး​ကြ​၏။ ငါ​ရေ​ငတ်​စဉ်​အ​ခါ​က သောက်​ရေ​ကို​ပေး​ကြ​၏။ ငါ​သည်​ဧည့်​သည်​ဖြစ်​စဉ် အ​ခါ​က​ဧည့်​ဝတ်​ကို​ပြု​ကြ​၏။-

ထို​အ​ခါ​ဘု​ရင်​မင်း​မြတ်​က `အ​မှန်​အ​ကန်​သင် တို့​အား​ငါ​ဆို​သည်​ကား၊ ဤ​ငါ​၏​ညီ​များ​အ​နက် အ​သိမ်​ငယ်​ဆုံး​ဖြစ်​သူ​တစ်​စုံ​တစ်​ယောက်​အား သင်​တို့​ပြု​စု​ခဲ့​သ​မျှ​သည်​ငါ့​အား​ပြု​စု​ခြင်း ပင်​မည်​၏' ဟု​မိန့်​တော်​မူ​လိမ့်​မည်။

ဆင်း​ရဲ​သော​တ​ပည့်​တော်​တို့​အား​ပေး​ကမ်း ကြ​လော့။ ဧည့်​သည်​ဝတ်​ကို​ပြု​ကြ​လော့။

ထို့​အ​ပြင်​ကောင်း​မှု​ကြောင့်​အ​သ​ရေ​ရှိ​သူ​ဖြစ် ရ​မည်။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကောင်း​စွာ ပြု​စု​စောင့်​ရှောက်​ခဲ့​သူ၊ ဧည့်​ဝတ်​ကျေ​ပွန်​သူ၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​တို့​ခြေ​ကို​ဆေး သူ၊ ဒုက္ခ​ရောက်​သူ​တို့​အား​ကူ​ညီ​မ​စ​သူ၊ ကောင်း မှု​အ​မျိုး​မျိုး​ကို​ကြိုး​စား​လုပ်​ဆောင်​ခဲ့​သူ ဖြစ်​ရ​မည်။

ဧည့်​သည်​ဝတ်​ကို​ပြု​ရန်​မ​မေ့​ကြ​နှင့်။ ယင်း သို့​ဧည့်​ဝတ်​ကို​ပြု​သော​သူ​အ​ချို့​တို့​သည် ကောင်း​ကင်​တ​မန်​များ​ကို​အ​မှတ်​မ​ထင် ဧည့်​ခံ​ခဲ့​ကြ​ပေ​သည်။-

သင်​တို့​သည်​မ​ညည်း​မ​ညူ​ဘဲ​အ​ချင်း​ချင်း အား​ကျေ​ပွန်​စွာ​ဧည့်​ဝတ်​ပြု​ကြ​လော့။-

ထို့​ကြောင့်​သူ​တို့​သည်​ထို​မြို့​တွင်​အိပ်​စက် နား​နေ​ရန်​မြို့​ထဲ​သို့​ဝင်​ပြီး​လျှင် မြို့​တံ​ခါး အ​နီး​ရှိ​ကွက်​လပ်​၌​ထိုင်​နေ​ကြ​၏။ သို့​သော် လည်း​မည်​သူ​မျှ​မိ​မိ​အိမ်​တွင်​တည်း​ခို​ရန် သူ​တို့​အား​ခေါ်​ဖိတ်​ခြင်း​မ​ပြု​ကြ​ချေ။

အ​ဖိုး​အို​သည်​မြို့​တံ​ခါး​အ​နီး​ကွက်​လပ် ရှိ​ခ​ရီး​သည်​ကို​မြင်​သော​အ​ခါ``သင်​အ​ဘယ် မှ​လာ​သ​နည်း။ အ​ဘယ်​အ​ရပ်​သို့​သွား​မည် နည်း'' ဟု​မေး​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ