ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။
သူတို့သည်စစ်ပွဲတွင်ရှောလုနှင့်ယောနသန် မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ် သောဣသရေလအမျိုးသားတို့မြောက်မြား စွာကျဆုံးသောကြောင့် ညဥ့်ဦးတိုင်အောင် အစာမစားဘဲငိုကြွေးမြည်တမ်းကြ၏။
အာဗနာကိုဟေဗြုန်မြို့တွင်သင်္ဂြိုဟ်ကြ၏။ သင်္ချိုင်းမှာမင်းကြီးသည်အော်ဟစ်၍ငိုကြွေး တော်မူသဖြင့် အခြားသူအပေါင်းတို့သည် လည်းထိုနည်းတူပြုကြကုန်၏။-
ဆင်းရဲသားတို့ကို မထီလေးစားပြုသော သူသည် ဖန်ဆင်းတော်မူသောဘုရားကိုကဲ့ရဲ့၏။ သူတပါး၌ ဘေး ရောက်လျှင် ဝမ်းမြောက်တတ်သော သူသည်လည်း အပြစ်ဒဏ်နှင့် မလွတ်ရ။
သင်သည်ယုဒပြည်ရှိမိမိ၏ညီအစ်ကိုများ၊ ကံကြမ္မာဆိုးနှင့်ကြုံတွေ့ရသည်ကိုကျိတ်၍၊ နှစ်ထောင်းအားရမဖြစ်သင့်။ သူတို့ဆုံးပါးပျက်စီးချိန်၌ဝမ်းမြောက် ဝမ်းသာမဖြစ်သင့်။ သူတို့စိတ်ဒုက္ခရောက်ကြသောအခါ၊ သင်သည်မဝါကြွားသင့်။
သင်သည်ငါ၏လူမျိုးတော် ဆင်းရဲဒုက္ခရောက်ရကြသည်ကိုကျိတ်၍ နှစ်ထောင်းအားရဖြစ်ကာ၊ သူတို့ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရ ချိန်၌ သူတို့၏မြို့ထဲသို့မဝင်သင့်။ သူတို့၏ဥစ္စာပစ္စည်းများကိုမသိမ်းမ ယူသင့်။