Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 30:1

Common Language Bible

ယခုမူကား၊ ငါ့ထက်အသက်ငယ်သောသူတို့ သည် ငါ့ကို ကဲ့ရဲ့တတ်ကြ၏။ သူတို့အဘများကို ငါသည် ရွံ့ရှာ၍၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှနေရာမပေး။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ရှဲ​သည်​ဗေ​သ​လ​မြို့​သို့​သွား​ရန် ယေ​ရိ​ခေါ မြို့​မှ​ထွက်​ခွာ​ခဲ့​၏။ လမ်း​တွင်​မြို့​တစ်​မြို့​မှ​သူ ငယ်​အ​ချို့​တို့​သည်​ထွက်​လာ​ပြီး​လျှင် သူ့​အား ပြောင်​လှောင်​ကြ​၏။ သူ​တို့​က``ဦး​ပြည်း၊ ခေါင်း​တုံး ကြီး၊ ဤ​အ​ရပ်​မှ​ထွက်​သွား​လော့'' ဟု​အော်​ဟစ် ကြ​၏။

ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံရအံ့သောငှါဆုတောင်းပဌနာပြုစဉ်တွင်၊ အိမ်နီးချင်း ပြက်ယယ်ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ်မရှိ ဖြောင့်မတ်သောသူသည် ပြက်ယယ်ပြုခြင်းကို ခံရပါသည် တကား။

သူတို့သည် အစွမ်းသတ္တိကုန်ပြီးမှ၊ ငါ့အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း။

မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​ကို အ​စဉ်​ပင် ကဲ့​ရဲ့​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​မှ သွေ​ဖည်​၍​မ​သွား​ပါ။

သူ​တို့​သည်​လမ်း​များ​တွင်​ကျွန်​တော်​မျိုး​အ​ကြောင်း​ကို ပြော​ဆို​ကြ​ပါ​၏။ သေ​သောက်​ကြူး​သူ​တို့​သည်​ကျွန်​တော်​မျိုး အ​ကြောင်း​ကို​တေး​ဖွဲ့​၍​ဆို​ကြ​ပါ​၏။

လူ​တိုင်း​ပင်​တစ်​ဦး​အ​ပေါ်​တစ်​ဦး​အ​ခွင့်​ကောင်း ယူ​၍​ကိုယ်​ကျိုး​ရှာ​လိမ့်​မည်။ လူ​ငယ်​လူ​ရွယ်​တို့ သည်​လူ​ကြီး​သူ​မ​တို့​အား​လည်း​ကောင်း၊ ယုတ် ညံ့​သူ​တို့​သည်​မြင့်​မြတ်​သူ​တို့​အား​လည်း ကောင်း​အ​ရို​အ​သေ​ကင်း​မဲ့​ကြ​လိမ့်​မည်။

အ​ချို့​သော​သူ​တို့​သည်​ကိုယ်​တော်​ကို​တံ​တွေး နှင့်​ထွေး​ကြ​၏။ မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် ရိုက်​ပုတ်​ကြ​၏။ ``အ​ရှင်​အား​မည်​သူ​ရိုက်​ပုတ် သည်​ကို​ဟော​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။ ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော်​တပ်​သား​တို့ သည်​ပါး​တော်​ကို​လက်​ဖြင့်​ရိုက်​ကြ​၏။

ထို​နောက် ``ဤ​သူ​သည်​ပုန်​ကန်​ရန်​ပြည်​သူ​တို့ အား​လှုံ့​ဆော်​သူ​ဖြစ်​သည်​ဟု​ဆို​၍ သူ့​အား သင်​တို့​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။ သင်​တို့​ရှေ့ မှာ​ပင်​ငါ​စစ်​ဆေး​ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့ ဆို​သည့်​အ​တိုင်း​ထို​သူ​အား​စွပ်​စွဲ​နိုင်​ရန် အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့။-

လူ​ပ​ရိ​သတ်​အား​လုံး​က ``ဤ​သူ​ကို​သေ​ဒဏ် ပေး​ပါ။ အ​ကျွန်ုပ်​တို့​အ​တွက်​ဗာ​ရဗ္ဗ​ကို​လွတ် ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​ပါ'' ဟု​တစ်​ပြိုင်​နက် ဟစ်​အော်​ကြ​၏။-

လူ​ပ​ရိ​သတ်​သည်​ရပ်​လျက်​ကြည့်​နေ​ကြ​၏။ ယု​ဒ​ခေါင်း​ဆောင်​များ​သည် ``ဤ​သူ​သည်​အ​ခြား သူ​များ​အား​ကယ်​တင်​၏။ အ​ကယ်​၍​ဘု​ရား​သ​ခင် ရွေး​ချယ်​တော်​မူ​သော​မေ​ရှိ​ယ​ဖြစ်​ပါ​မူ မိ​မိ​ကိုယ် ကို​ကယ်​တင်​ပါ​လေ​စေ'' ဟု​ဆို​၍​ပြောင်​လှောင် ကြ​၏။-

လက်​ဝါး​ကပ်​တိုင်​မှာ​ရိုက်​ဆွဲ​ထား​သော​ရာ​ဇ ဝတ်​သင့်​သူ​နှစ်​ယောက်​အ​နက် တစ်​ယောက်​က ``သင် သည်​မေ​ရှိ​ယ​ပင်​မ​ဟုတ်​ပါ​လော။ သင့်​ကိုယ်​ကို လည်း​ကောင်း၊ ငါ​တို့​ကို​လည်း​ကောင်း​ကယ်​တင် ပါ​လော့'' ဟု​ကိုယ်​တော်​အား​ကဲ့​ရဲ့​ပြော​ဆို​၏။

သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​တို့​သည် မ​နာ​လို စိတ်​ရှိ​သ​ဖြင့်​လမ်း​ပေါ်​မှ​ဂျ​ပိုး​တေ​လေ​များ ကို​ခေါ်​ယူ​ကာ လူ​ထု​ကြီး​တစ်​ရပ်​ဖြစ်​အောင် စု​ရုံး​၍​တစ်​မြို့​လုံး​ကို​အုတ်​အုတ်​သဲ​သဲ​ဖြစ် စေ​ကြ​၏။ သူ​တို့​သည်​ယာ​သုန်​၏​အိမ်​သို့​ဝင်​၍ ပေါ​လု​နှင့်​သိ​လ​တို့​ကို​လူ​ပ​ရိ​သတ်​ရှေ့​သို့ ဆွဲ​ထုတ်​ရန်​ရှာ​ဖွေ​ကြ​၏။-

သူ​တို့​၏​ပ​ရော​ဖက်​ဖြစ်​သူ​က​ရေ​တေ​ကျွန်း သား​တစ်​ဦး​က​ပင်​လျှင်``က​ရေ​တေ​ကျွန်း​သား တို့​သည်​အ​စဉ်​လိမ်​လည်​သူ​များ၊ သား​ရဲ​ဆိုး များ၊ ပျင်း​ရိ​စား​ကြူး​သူ​များ​ဖြစ်​၏'' ဟု​ပြော ဆို​ခဲ့​၏။ ထို​သူ​၏​ပြော​ဆို​ချက်​သည်​မှန်​ပေ သည်။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​မှန်​တ​ကယ် ယုံ​ကြည်​လာ​ကြ​စေ​ရန်​လည်း​ကောင်း၊ ယု​ဒ ဒဏ္ဍာရီ​စ​ကား​များ​နှင့်​သမ္မာ​တ​ရား​ကို ပစ်​ပယ် သူ​တို့​၏​ပ​ညတ်​များ​ကို​စွန့်​လွှတ်​လိုက်​ကြ စေ​ရန်​လည်း​ကောင်း​သူ​တို့​အား​ကြပ်​တည်း စွာ​ဆုံး​မ​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ