Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 3:21

Common Language Bible

သူတို့သည် သေခြင်းကို တောင့်တ၍မရနိုင်။ ဝှက်ထားသော ဥစ္စာကိုဘော်ခြင်းငှါ တူးသည် ထက်သေ ခြင်းအကြောင်းကို ဘော်ခြင်းငှါ သာ၍ထူးကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

တစ်​နေ့​လုံး​တော​ကန္တာ​ရ​တွင်​ခ​ရီး​ပြု​လေ​သည်။ သူ​သည်​သစ်​ပင်​အ​ရိပ်​တစ်​ခု​သို့​ရောက်​သော အ​ခါ​ထိုင်​လျက်​သေ​လျှင်​သာ​၍​ကောင်း​၏​ဟု ဆို​၍``အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​အ​ဖြစ်​ဆိုး​လွန်း ပါ​၏။ အ​ကျွန်ုပ်​၏​အ​သက်​ကို​ရုပ်​သိမ်း​တော် မူ​ပါ။ အ​ကျွန်ုပ်​သည်​သေ​ရ​သော်​သာ​၍​ကောင်း ပါ​သေး​၏'' ဟူ​သော​ဆု​ကို​တောင်း​လေ​၏။

ဆိုးသော သူတို့၏မျက်စိသည် အားလျော့လိမ့်မည်။ သူတို့သည် ပြေး၍မလွတ်ရကြ။ သူတို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို၏။

သူတို့သည်သင်္ချိုင်းတွင်းကို တွေ့သောအခါ အလွန်ဝမ်းမြောက်၍ အထူးသဖြင့် ရွှင်လန်းကြ၏။

ငါတောင်းသောအရာကို ရပါစေ။ ငါတောင့်တသောအရာကို ဘုရားသခင်ပေးသနားတော်မူပါစေ။

တောင့်တသောအရာဟူမူကား၊ ဘုရားသခင်သည် ငါ့ကိုဖျက်ဆီးတော်မူပါစေ။ လက်တော်ကိုဆန့်၍ ငါ့ကိုဆုံးစေတော်မူပါစေ။

ငါသည်ကိုယ်အရိုးကို နှမြောသည်ထက် အသက်ချုပ်၍သေရသောအခွင့်ကို သာ၍ တောင့်တ ပါ၏။

ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဥာဏ်ကို စူးစမ်း လျှင်၎င်း၊

သို့ဖြစ်၍၊ သေလွန်ပြီးသော လူသေသည် အသက်ရှင်သေးသော လူရှင်ထက်သာ၍ မင်္ဂလာရှိသည် ဟု ငါဆိုရ၏။

ငါ​ကွဲ​လွင့်​စေ​ရာ​အ​ရပ်​များ​တွင်​အ​သက် မ​သေ​ဘဲ​ကျန်​ရှိ​သူ၊ ဤ​ဆိုး​ညစ်​သည့်​ခေတ် မှ​လူ​တို့​သည် မိ​မိ​တို့​ဆက်​လက်​အ​သက်​ရှင် ရန်​ထက်​သေ​ရန်​ပို​မို​လို​လား​တောင့်​တ​ကြ လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။

သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​လျှင် အ​ကျွန်ုပ်​အား​သေ​ရ​သော​အ​ခွင့်​ကို​ပေး တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​တွက်​အ​သက်​ရှင် ရ​ခြင်း​ထက်​သေ​ရ​ခြင်း​က​သာ​၍​ကောင်း ပါ​၏'' ဟု​ဆု​တောင်း​လေ​၏။

နေ​ထွက်​လာ​ပြီး​နောက်​ဘု​ရား​သ​ခင်​သည် အ​ရှေ့​လေ​ပူ​ကို​တိုက်​ခတ်​စေ​တော်​မူ​၏။ ယော​န သည်​မိ​မိ​ဦး​ခေါင်း​ပေါ်​သို့​ကျ​ရောက်​လာ​သည့် အ​ပူ​ရှိန်​ကြောင့် မေ့​လု​မ​တတ်​ဖြစ်​ပြီး​လျှင် သေ​ချင်​စိတ်​ပေါက်​လာ​၏။ သို့​ဖြစ်​၍​ယော​န က``ငါ့​အ​ဖို့​မှာ​အ​သက်​ရှင်​နေ​ရ​ခြင်း​ထက် သေ​ရ​ခြင်း​က​ပို​၍​ကောင်း​လိမ့်​ဦး​မည်'' ဟု မြည်​တမ်း​၏။

အ​ကျွန်ုပ်​သည်​ဤ​တာ​ဝန်​ထမ်း​ဆောင်​ရ​မည် ဟု​ဆို​လျှင် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား သ​နား​သ​ဖြင့်​ယ​ခု​ပင်​အ​သက်​သေ​စေ​၍ ဤ​ဆင်း​ရဲ​ဒုက္ခ​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​လေ သည်။

ထို​ငါး​လ​အ​တွင်း​လူ​တို့​သည်​သေ​မင်း​ကို​ရှာ ကြ​လိမ့်​မည်။ ရှာ​သော်​လည်း​မ​တွေ့​ရ​ကြ။ သေ​ရန် တောင့်​တ​ကြ​သော်​လည်း​သေ​မင်း​သည်​သူ​တို့ အား​တိမ်း​ရှောင်​၍​သွား​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ