ယောဘဝတ္တု။ 3:17Common Language Bibleထိုအရပ်၌ လူဆိုးတို့သည် နောက်တဖန်မနှောင့်ရှက်ရ။ ပင်ပန်းသောသူသည်တို့သည် ချမ်းသာ ရကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ကောင်းကင်မှ``ရေးမှတ်လော့။ ယခုအချိန် မှစ၍သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် လျက် သေဆုံးသူတို့သည်မင်္ဂလာရှိကြ၏'' ဟုဆို သောအသံကိုငါကြားရ၏။ ဝိညာဉ်တော်ကလည်း ``ဤအတိုင်းမှန်ပေ၏။ သူတို့သည်ဆင်းရဲပင်ပန်း စွာလုပ်ဆောင်ခြင်းမှ ရပ်နားခွင့်ကိုရရှိကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်သူတို့၏လုပ်ဆောင် ချက်အကျိုးသည် သူတို့နှင့်အတူလိုက်ပါ လျက်ရှိသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။
ကိုယ်တော်သည်သင်နှင့်တကွဣသရေလ နိုင်ငံကို ဖိလိတ္တိအမျိုးသားတို့၏လက်သို့ ပေးအပ်တော်မူလိမ့်မည်။ နက်ဖြန်ခါသင် နှင့်သင်၏သားတို့သည်ငါရှိရာအရပ်သို့ ရောက်ရှိလာကြလိမ့်မည်။ ထိုနောက်ထာဝရ ဘုရားသည်ဣသရေလတပ်မတော်ကို လည်း ဖိလိတ္တိအမျိုးသားတို့၏လက်သို့ ပေးအပ်တော်မူလိမ့်မည်'' ဟုဆို၏။