ငါ့အမိ၏ဝမ်းကို ပိတ်မထား၊ ဒုက္ခဆင်းရဲကို ငါမမြင်စေခြင်းငှါ မကွယ်မကာ။
ယာကုပ်သည်လေအာကိုမချစ်ကြောင်း ထာဝရဘုရားသိမြင်တော်မူသဖြင့် လေအာကိုသားသမီးထွန်းကားစေ၏။ ရာ ခေလမူကားသားသမီးမထွန်းကားချေ။-
ငါ့ဝိညာဉ်သည် အသက်ကိုငြီးငွေ့၏။ မြည်တမ်း သောအပြစ်ကို ခံရမည်။ စိတ်အလွန်ညှိုးငယ်၍ ပြောရ မည်။
ငါသည်မွေးစက အဘယ်ကြောင့်မသေသနည်း။ အမိဝမ်းထဲမှ ထွက်စက အဘယ်ကြောင့် အသက်မချုပ် သနည်း။
ညဦးယံကြယ်တို့သည် မိုက်ပါစေ။ ထိုညဉ့်သည် အလင်းကိုတောင့်တ၍ မရပါစေနှင့်။ နံနက်မိုဃ်းလင်း ကို မမြင်ပါစေနှင့်။ အကြောင်းမူကား၊
သို့ဖြစ်၍၊ စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့်၊ ကိုယ် ဆင်းရဲခြင်းအကြောင်းကို ပယ်ရှားလော့။ အသက်ငယ် ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည် အနတ္တဖြစ်၏။
ဟန္နကိုမူအထူးဝေစုပေး၏။ ထာဝရဘုရား သည်ဟန္နအားသားသမီးမွေးဖွားခွင့်ကိုပေး တော်မမူသော်လည်း ဧလကာနသည်ဟန္န အားလွန်စွာချစ်မြတ်နိုးလေသည်။-