ယောဘဝတ္တု။ 27:22Common Language Bibleဘုရားသခင်သည် မသနားဘဲ ဒဏ်ခတ်တော်မူသဖြင့်၊ လက်တော်မှ လွတ်ခြင်းငှါ အလိုရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-
ဤကားထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါအရေးယူဆောင်ရွက်ရမည့် အချိန်ကျပြီ။ ငါသည်သင်၏အပြစ်များ ကိုလျစ်လူရှုလိမ့်မည်မဟုတ်။ သနားကြင် နာမည်မဟုတ်။ ကရုဏာထားမည်မဟုတ်။ သင်ပြုခဲ့သည့်အမှုအတွက်အပြစ်ဒဏ် ခံရမည်'' ဟူ၍တည်း။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
ဣသရေလတပ်သားများတိုက်ခိုက်သဖြင့် အာမောရိတပ်သားတို့သည် တောင်ကြားလမ်း သို့ဆင်းပြေးကြစဉ်အဇေကာမြို့အထိ လမ်းတစ်လျှောက်လုံးတွင်ကောင်းကင်မှမိုးသီး လုံးကြီးများကိုသူတို့အပေါ်သို့ထာဝရ ဘုရားရွာကျစေတော်မူ၏။ မိုးသီးဒဏ် ကြောင့်သေသူတို့သည် ဣသရေလအမျိုး သားတို့၏လက်ချက်ကြောင့်သေသူတို့ ထက်ပို၍များသတည်း။
အကယ်၍တစ်စုံတစ်ယောက်သောသူသည် အရှင့်အားတိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစား ပါမူ လူသည်အဖိုးထိုက်သည့်ရတနာကို လုံခြုံစွာသိမ်းဆည်းထားတတ်သကဲ့သို့ ထာဝရဘုရားသည်အရှင်၏အသက်ကို လည်းဘေးမဲ့လုံခြုံစွာထားတော်မူပါလိမ့် မည်။ အရှင်၏ရန်သူတို့ကိုမူကား လူသည် ကျောက်ခဲကိုလောက်လွှဲဖြင့်ပစ်ထုတ်သကဲ့ သို့ကိုယ်တော်ပစ်ထုတ်တော်မူပါလိမ့်မည်။-