ယောဘဝတ္တု။ 25:2Common Language Bibleဘုရားသခင်သည် အာဏာတော်နှင့်၎င်း၊ ကြောက်ရွံ့ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့်သောဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။ အခန်းကိုကြည့်ပါ။ |
``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
သို့ဖြစ်၍ဘုရားသခင်သည်သားတော်အား ဖြင့်စကြဝဠာတစ်ခုလုံးကို မိမိထံပြန် လာစေရန်ဆုံးဖြတ်တော်မူ၏။ သားတော်ကို လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံစေတော် မူခြင်းအားဖြင့်ရန်ကိုငြိမ်းစေတော်မူ၏။ ဤနည်းအားဖြင့်ကမ္ဘာမြေကြီးနှင့်ကောင်း ကင်တွင်ရှိသမျှသောအရာတို့အားမိမိ ထံပြန်လာစေတော်မူ၏။