ယောဘဝတ္တု။ 24:12Common Language Bibleလူတို့သည်မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရားသခင်သည် ပမာဏပြုတော်မမူ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက ``သို့ရာတွင်ချို့တဲ့နွမ်းပါးသူတို့သည်ဖိစီး နှိပ်စက်ခြင်းကိုခံရကြသဖြင့်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းခံရကြသူတို့သည် ဝေဒနာနှင့် ညည်းတွားနေကြသဖြင့်လည်းကောင်း၊ ငါသည်ယခုပင်ကြွလာမည်။ သူတို့လိုလားတောင့်တကြသည့်ဘေးလွတ် လုံခြုံမှုကို သူတို့အားငါပေးမည်'' ဟုမိန့်တော်မူ၏။
အို ထာဝရဘုရား၊ကျွန်တော်မျိုး၏အမှုကို အထံတော်တွင်လျှောက်လဲရသော် ကိုယ်တော်ရှင်သာလျှင်ဖြောင့်မတ်သောအရှင် ဖြစ်ပါသည်။ သို့ရာတွင်တရားမျှတမှုရှိမရှိနှင့်ပတ် သက်၍ ကျွန်တော်မျိုးလျှောက်ထားလိုပါ၏။ အဘယ်ကြောင့်သူယုတ်မာတို့သည် ချမ်းသာကြွယ်ဝကြပါသနည်း။ မရိုးမဖြောင့်သူတို့သည်အဘယ်ကြောင့် အေးချမ်းစွာနေရပါသနည်း။
သင်တို့သည်စကားများလွန်းသဖြင့်ထာဝရ ဘုရားနားငြီးတော်မူလေပြီ။ သို့ရာတွင်သင် တို့က``ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင် နားငြီးစေရန်အဘယ်သို့ပြုမိကြပါ သနည်း'' ဟုဆိုကြ၏။ ``ထာဝရဘုရားသည် ဒုစရိုက်သမားမှန်သမျှကိုလူကောင်းသူ ကောင်းဟုထင်မှတ်တော်မူ၏'' ဟူ၍ပြော ဆိုခြင်းအားဖြင့်သော်လည်းကောင်း``တရား မျှတသည်ဟုထင်မြင်ယူဆမှုကိုခံရ သောဘုရားသခင်သည်အဘယ်မှာရှိ သနည်း'' ဟုပြောဆိုခြင်းအားဖြင့်သော် လည်းကောင်းသင်တို့သည်ကိုယ်တော်အား နားငြီးစေကြ၏။