လူသည် မိမိပညာအားဖြင့် မိမိအကျိုးကို ပြုစုသကဲ့သို့ ဘုရားသခင်၌ ကျေးဇူးပြုနိုင်သလော။
အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူဖြစ်၍ ငါတို့သည် ဝတ်ပြုရမည်နည်း။သူ့ကိုဆုတောင်းလျှင် အဘယ်ကျေးဇူးရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။
တဖန် တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည် ကား၊
သင်၏ဖြောင့်မတ်ခြင်းအားဖြင့်၊ အနန္တတန်ခိုး ရှင်သည် ကျေးဇူးရှိတော်မူသလော။ သင်၏အကျင့်၌ အပြစ်မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုး စီးပွါးရှိတော်မူသလော။
ကိုယ်တော်သည် လူကိုပမာဏပြု၍ စိတ်စွဲလမ်း တော်မူမည်အကြောင်း၊
``ကိုယ်တော်သည်ကျွန်တော်မျိုး၏အရှင် ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးခံစားရသောကောင်းကျိုးချမ်းသာ ဟူသမျှသည် ကိုယ်တော်ပေးသနားတော်မူသောအရာများ ဖြစ်ပါ၏'' ဟု ထာဝရဘုရားအားငါလျှောက်ထား၏။
သင်သည်ပညာရှိလျှင်၊ ကိုယ်တိုင်အကျိုးကို ခံရ လိမ့်မည်။ မထီမဲ့ပြုလျှင် ကိုယ်တိုင်သာအပြစ်ကို ခံရလိမ့် မည်။
သင်၏လက်ယာမျက်စိသည်သင့်အားမှောက်မှား စေလျှင်ထိုမျက်စိကိုထုတ်ပစ်လော့။ သင်၏ကိုယ် ခန္ဓာတစ်ခုလုံးငရဲသို့လားရသည်ထက်ကိုယ် အင်္ဂါတစ်ခုချို့တဲ့ရခြင်းကသာ၍ကောင်း၏။-
ထိုနည်းတူသင်တို့သည်လည်းမိမိတို့အားစေ ခိုင်းသည့်အရာအားလုံးကိုဆောင်ရွက်ပြီးချိန် ၌ ငါတို့ကားသာမန်အစေခံများပင်ဖြစ်သည်။ ငါတို့ဆောင်ရွက်ရန်ရှိသည့်တာဝန်ဝတ္တရားကို သာလျှင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်ဟု' ဆို ကြလော့'' ဟူ၍မိန့်တော်မူ၏။
ထိုအရှင်ကိုယ်တိုင်ပင်လူခပ်သိမ်းတို့အား အသက်နှင့်တကွအခြားလိုအပ်သည့်အရာ ရှိသမျှကိုပေးသနားတော်မူ၏။ သို့ဖြစ် ၍တစ်စုံတစ်ခုကိုလိုလား၍လူ့လက်မှ အထောက်အပံ့ကိုခံယူရန်မလိုပေ။-
မိန့်တော်မူသမျှကိုလိုက်နာလော့။ ထာဝရ ဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှု တော်ကိုဆောင်ရွက်လော့။ သင်တို့၏ကောင်းကျိုး အလို့ငှာ ယနေ့ငါပေးသောပညတ်အလုံး စုံကိုစောင့်ထိန်းလော့။-