နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပစပ်၌ ငုံသော် လည်း၊
စားပြီးလျှင်သူ၏ ဝမ်းထဲမှာ သဘောပြောင်း၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်။
သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကို လွှတ်၍သူစားစရာဘို့ အမျက်တော် မိုဃ်းကို ရွာစေတော်မူမည်။
အဓမ္မသက်သေသည် တရားကို မထီမဲ့မြင် ပြုတတ်၏။ မတရားသော သူသည်လည်း၊ ဒုစရိုက်ကို စား၍ မျိုတတ်၏။
ငုံးငှက်သားပေါများလျက်ရှိသေးချိန်တွင် ထာဝရဘုရားသည်အမျက်ထွက်၍သူ တို့တွင်ကပ်ရောဂါကျရောက်စေ၏။-
အဘယ်ကြောင့်ဆိုသော်သင်တို့သည် မိမိတို့ ၏လူ့ဇာတိအလိုသို့လိုက်၍ပြုမူကျင့်ကြံ ပါကသေရကြမည်။ သို့သော်မိမိတို့၏ အကျင့်ဆိုးများကိုဝိညာဉ်တော်အားဖြင့် အဆက်ဖြတ်ကြမည်ဆိုလျှင်မူကား အသက်ရှင်ကြလိမ့်မည်။-