Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 19:22

Common Language Bible

ဘုရားသခင်ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲကြသနည်း။ အဘယ်ကြောင့် ငါ့အသားကို စား၍ မရောင်ရဲ့ဘဲနေကြသနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်ထလျှင် ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်အပေါ်သို့ ခုန်၍ ကြောက်မက်ဘွယ်သော အခြင်းအရာတို့ကို ပြတော်မူ၏။

ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။

လေတိုက်သော သစ်ရွက်ကို ချောက်လှန့်တော်မူ မည်လော။ မြက်ခြောက်ကို မှီအောင်လိုက်တော်မူမည် လော။

ဘုရားသခင်သည်ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏ လက်သို့အပ်တော်မူပြီ။

ယခုမှာသင်တို့က၊ ငါတို့သည် သူ့ကိုအဘယ်သို့ ညှဉ်းဆဲရမည်နည်း။ သူ၌အပြစ်တင်သောအခွင့်ကို အဘယ်သို့ တွေ့ရမည်နည်းဟု ဆိုကြသည်ဖြစ်၍၊

ဘုရားသခင်သည်ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။

ယခုတဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။

အကျွန်ုပ်ကိုကြမ်းတမ်းစွာပြု၍၊ အားကြီးသော လက်တော်နှင့် ညှဉ်းဆဲတော်မူ၏။

ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရ သနည်းဟု မဆိုတတ်သလော။

ထို​သူ​တို့​သည်​ကိုယ်​တော်​ရှင်​ဒဏ်​ခတ်​ခဲ့​သော​သူ တို့​ကို နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​ခဲ့​သော သူ​တို့ ခံ​ရ​သည့်​ဝေ​ဒ​နာ​အ​ကြောင်း​ကို​ပြော​ဆို ကြ​ပါ​၏။

သူ​တို့​၏​အ​ပြစ်​ရှိ​သ​မျှ​ကို​စာ​ရင်း​ပြု​၍ မှတ်​သား​ထား​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော် ကို သူ​တို့​အား​ခံ​စား​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။

ထို​စ​ပျစ်​ရည်​ကို​သင်​တို့​အား​ညှဉ်း​ဆဲ​နှိပ်​စက် သူ​များ၊ သင်​တို့​အား​လမ်း​များ​ပေါ်​တွင်​လဲ​လျောင်း​စေ​၍၊ မြေ​မှုန့်​သ​ဖွယ်​ခြေ​နှင့်​နင်း​ကြ​သူ​များ​အား ငါ​ပေး​အပ်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။

သင်​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​သား​ကို စား​ကြ​၏။ သူ​တို့​၏​အ​ရေ​ကို​ခွာ​၍​အ​ရိုး များ​ကို​ချိုး​လျက်​အ​မဲ​ဟင်း​လျာ​သ​ဖွယ် ဋ္ဌား​ဖြင့်​စဉ်း​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ