ငါ၌အမျက်တော်ကိုနှိုးဆော်၍၊ ငါ့ကိုရန်သူကဲ့သို့ မှတ်တော်မူ၏။
ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။
ဆင်းရဲခြင်းဒုက္ခနှင့် နာကြဉ်းခြင်းဝေဒနာတို့သည် ထိုသူကို ချောက်တတ်၏။ စစ်တိုက်ခြင်းငှါ အသင့် နေသော ရှင်ဘုရင်ကဲ့သို့ သူ့ကို နိုင်တတ်၏။
အမျက်တော်သည် ငါ့ကိုအပိုင်းပိုင်းဆွဲဖြတ်၍ ညှဉ်းဆဲတတ်၏။ ငါ့အပေါ်မှာ အံသွားခဲကြိတ်ခြင်းကို ပြုတော်မူ၏။ ငါ့ရန်သူသည်ငါ့ကို မျက်စောင်းထိုး၏။
ဘုရားသခင်သည် ငါ၌ အပြစ်တင်ခွင့်ကို ရှာတော်မူ၏။ ငါ့ကို ရန်သူကဲ့သို့ မှတ်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုအစဉ်ပင် ဖုံးကွယ်၍ထားတော်မူပါမည်လော။ ကိုယ်တော်ရှင်၏အမျက်တော်သည်အဘယ်မျှ ကြာအောင်မီးကဲ့သို့တောက်လောင်၍ နေတော်မူပါမည်နည်း။
ကိုယ်တော်ရှင်၏အမျက်တော်ကြောင့် ကျွန်တော်မျိုးတို့သည်ပျက်စီးကြပါ၏။ အမျက်တော်အရှိန်ကြောင့်ကြောက်လန့် တုန်လှုပ်ကြပါ၏။
ကိုယ်တော်သည်ငါတို့အားမြားတော်များဖြင့် အသင့်ချိန်ရွယ်ကာအားရရွှင်လန်းဂုဏ်ယူ ဝါကြွားရာဖြစ်သူလူအပေါင်းတို့အား ကွပ်မျက်တော်မူ၏။ ယေရုရှလင်မြို့၌ငါတို့သည်ကိုယ်တော်၏ တောက်လောင်သောအမျက်တော်ကိုခံစား ရကြ၏။
ထာဝရဘုရားသည်ရန်သူသဖွယ်ဣသရေလ လူမျိုးအားဖျက်ဆီးမူ၏။ သူတို့၏ခံတပ်များနှင့်နန်းတော် အဆောက်အအုံများကိုယိုယွင်းပျက်စီးလျက် ကျန်ရစ်စေတော်မူလေပြီ။ ကိုယ်တော်သည်ယုဒပြည်သူတို့အားဝမ်းနည်း ကြေကွဲ၍မဆုံးနိုင်အောင်ပြုတော်မူပြီ။
ငါ၏အမျက်တော်သည်မီးကဲ့သို့တောက်လောင်၍ မြေကြီးပေါ်တွင်ရှိသမျှတို့ကိုလောင်ကျွမ်း စေမည်။ အမျက်တော်မီးသည်မရဏာနိုင်ငံ တိုင်အောင်လည်းကောင်း၊ တောင်အောက်ခြေသို့တိုင်အောင်လည်းကောင်း လောင်လိမ့်မည်။