သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကြောင့် မှတ်သနည်း။ အဘယ်ကြောင့် မထီမဲ့မြင်ပြု သနည်း။
သင်တို့မူကား တယောက်မျှမကြွင်း၊ ပြန်သွားကြ ပါတော့။ သင်တို့တွင် ပညာရှိတစုံတယောက်ကိုမျှ ငါ မတွေ့နိုင်။
ကိုယ်တော်သည် သူတို့ဥာဏ် ကိုကွယ်စေတော် မူသည်ဖြစ်၍၊ သူတို့ကို ချီးမြှောက်တော်မမူရ။
ဤစကားသည် အဘယ်အခါမှ ပြတ်လိမ့်မည် နည်း။ သတိပြုကြ။ သို့မှသာငါတို့သည် စကားပြောကြ မည်။
အမျက်ထွက်၍ မိမိကိုယ်ကို ကိုက်ဖြတ်သောသူ၊ သင့်အတွက် မြေကြီးကိုစွန့်ပစ်ရမည်လော။ ကျောက်သည် မိမိနေရာမှ ရွေ့ရမည်လော။
တိရစ္ဆာန်ကဲ့သို့မိုက်မဲသဖြင့်ကိုယ်တော်ရှင်၏ ရှေ့တော်၌အသိပညာမရှိပါ။
လူသားတို့နေရာကို ရည်မှတ်၍ ငါအောက်မေ့ သည်ကား၊ လူတို့ကို ဘုရားသခင် စုံစမ်းတော်မူမည် အကြောင်းနှင့်၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း၊ နေရာကျသတည်း၊
သင်တို့သည်ခရစ်ယာန်ညီအစ်ကိုများအနေ ဖြင့်တစ်ဦးကိုတစ်ဦးချစ်ကြလော့။ တစ်ဦး ကိုတစ်ဦးချီးမွမ်းရန်လျင်မြန်ကြစေ။-
သို့သော်လည်းကြိမ်ဒဏ်အချက်လေးဆယ် ထက်မပိုစေရ။ ထိုထက်ပိုလျှင်သူ့အား လူပုံလယ်၌အရှက်ခွဲရာရောက်မည်။