သူခိုလှုံရာအကြောင်းကို သူ၏နေရာမှ ပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ ရှင်ဘုရင်ထံသို့ ဆောင် သွားရ၏။
ဆိုးသော သူတို့၏မျက်စိသည် အားလျော့လိမ့်မည်။ သူတို့သည် ပြေး၍မလွတ်ရကြ။ သူတို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို၏။
သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီး သော သူသည် လာတတ်၏။
သူ၏နေရာအလင်းလည်း မှောင်မိုက်ဖြစ်လိမ့် မည်။ သူ၏ဆီမီးလည်း သေလိမ့်မည်။
မြှားကိုနှုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ၏။ အရောင်တောက် သောထားသည်သူ၏ သည်းခြေထဲက ထွက်လာ၍၊ သူသည် မိန်းမောတွေဝေလျက် နေရ၏။
နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍၊ သေမင်းအရိပ်ကြောက်မက်ဘွယ်သောဘေးတို့ကို သိရကြ၏။
သူဆောက်သော အိမ်သည်ပိုးရွအိမ်ကဲ့သို့၎င်း၊ ကင်းတဲကဲ့သို့၎င်း ဖြစ်၏။
ကြီးမြင့်သောအရာရှိသမျှတို့ကို မထီမဲ့မြင်ပြု တတ်၏။ မာနထောင်လွှားသောသူအပေါင်းတို့အပေါ်၌ မင်းဖြစ်သည်ဟု မိန့်တော်မူ၏။
ထိုသူမြော်လင့်စရာလမ်းသည် ပြတ်လိမ့်မည်။ မှီခိုသောအရာသည်လည်း ပင့်ကူမြှေးကဲ့သို့ ဖြစ်လိမ့်မည်။
သင့်ကိုမုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိရကြလိမ့်မည်။ ဆိုးသောသူနေရာအရပ် သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။
သူယုတ်မာတို့သည်ဤအခြင်းအရာကို မြင်သောအခါဒေါသထွက်၍အံသွားခဲ ကြိတ်လျက် ပျောက်ကွယ်သွားကြလိမ့်မည်။ သူတို့၏အလိုဆန္ဒသည်ပျက်ပြားရလိမ့်မည်။
ကျွန်တော်မျိုး၏စိတ်နှလုံးသည်ကြောက်လန့်လျက် နေပါ၏။ သေဘေးကိုလွန်စွာထိတ်လန့်လျက်ရှိပါ၏။
ဖြောင့်မတ်သောသူ၏ မြော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ ဆိုးသောသူ၏ မြော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်။
မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။
ဤနည်းအားဖြင့်သေဘေးကိုကြောက်သဖြင့် တစ်သက်လုံးကျွန်ခံလျက်နေကြရသော သူတို့ကိုလွတ်မြောက်စေတော်မူပေသည်။-