ပုပ်စပ်ခြင်းအား၊ သင်သည် ငါ့အဘဖြစ်၏ဟူ၍၎င်း၊ တီကောင်အား သင်သည်ငါ့အမိ၊ ငါ့နှမဖြစ် သည်ဟူ၍၎င်း ငါဆိုရ၏။
ထိုသို့ခံရသောသူသည် ဆွေးမြေ့သောအရာကဲ့သို့၎င်း၊ ပိုးရွကိုက်စားသောအဝတ်ကဲ့သို့၎င်း အားလျော့ ပျက်ရပါ၏။
ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍ ၎င်း ငါသိ၏။
နှစ်ယောက်လုံးတို့သည် မခြားမနာ၊ မြေမှုန့်၌ အိပ်၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ၏။
သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသော သူသည်သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။
ထိုမျှမက၊ တီကောင်ဖြစ်သောလူ၊ ပိုးရွဖြစ်သောလူသားကို အဘယ်ဆိုဘွယ်ရာ ရှိသနည်းဟု မြွက်ဆို၏။
အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။ ငါ့စောင်းသည် ညည်းတွားသောအသံ၊ ငါ့ပုလွေသည် ငိုကြွေးသောအသံကိုသာပေးတတ်၏။
လောက်နှင့်ရွှံ့တို့သည် အဝတ်ကဲ့သို့ ငါ့ကိုယ်ကို ဖုံးလွှမ်းကြ၏။ ငါ့အရေသည်ကွဲ၍ ယိလျက်ရှိ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားမရဏာနိုင်ငံသို့လားရန် အခွင့်ပေးတော်မူမည်မဟုတ်သောကြောင့်တည်း။ ကျွန်တော်မျိုးသည်အမှုတော်ကိုသစ္စာရှိစွာ ထမ်းခဲ့ပါ၏။ ကွန်တော်မျိုးအားသေမင်း၏လက်သို့ အပ်တော်မူမည်မဟုတ်ပါ။
အခါတစ်ပါးကသင်သည်စောင်းသံများ ဖြင့်ဂုဏ်ပြုဖျော်ဖြေခြင်းကိုခံခဲ့ရသော် လည်း ယခုအခါမရဏနိုင်ငံသို့ရောက်ရှိ နေပါပြီတကား။ လောက်ကောင်များကိုအိပ် ရာလုပ်၍လဲလျောင်းကာတီကောင်များကို စောင်လုပ်၍ခြုံရလေပြီတကား' ဟုဟစ် အော်ပြောဆိုကြ၏။''
ထိုနည်းတူသေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်း သည်ဤအတိုင်းဖြစ်၏။ ကိုယ်ခန္ဓာသည်မြေ၌မြှုပ်နှံ ခြင်းခံရသောအခါပုပ်ပျက်တတ်သောအဖြစ် တွင်ရှိ၏။ ရှင်ပြန်ထမြောက်သောအခါ၌မပုပ် မပျက်တတ်သောအဖြစ်တွင်ရှိလိမ့်မည်။-