သင်တို့မူကား တယောက်မျှမကြွင်း၊ ပြန်သွားကြ ပါတော့။ သင်တို့တွင် ပညာရှိတစုံတယောက်ကိုမျှ ငါ မတွေ့နိုင်။
သင်တို့သာလျှင် လူဖြစ်၍၊ သင်တို့နှင့်အတူ ဥာဏ်ပညာသေလိမ့်မည်ဟု ယုံမှားစရာမရှိရ။
ငါတို့မသိ၊ သင်သိသောအရာမည်မျှရှိသနည်း။ ငါတို့၌မပါ၊ သင်နားလည်သောအရာမည်မျှရှိသနည်း။
ငါ့နေ့ရက်လွန်ပြီ။ ငါနှလုံးသွင်းမိသော အကြံ အစည်တို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
ကိုယ်တော်သည် သူတို့ဥာဏ် ကိုကွယ်စေတော် မူသည်ဖြစ်၍၊ သူတို့ကို ချီးမြှောက်တော်မမူရ။
သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကြောင့် မှတ်သနည်း။ အဘယ်ကြောင့် မထီမဲ့မြင်ပြု သနည်း။
လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ်။ အသက်ကြီးသော သူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ်။
ထိုသို့ထာဝရဘုရားသည် ယောဘအား မိန့်တော်မူပြီးမှ၊ တေမန်အမျိုးသား ဧလိဖတ်အားလည်း သင်နှင့်သင်၏ အဆွေခင်ပွန်းနှစ်ယောက် ကိုငါအမျက် ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အ ကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော။
ပြန်၍ဆင်ခြင်ကြပါ။ မတရားသဖြင့်မပြုကြပါ နှင့်။ ပြန်၍ဆင်ခြင်ကြပါ။ ဤအမှု၌ ငါသည် ဖြောင့်မတ် ပါ၏။
တစ်ဖန်တုံငါ၏လူစုသည်သူတော်ကောင်း နှင့် သူယုတ်မာတို့တွေ့ကြုံခံစားရမှုမတူ ပုံကိုလည်းကောင်း၊ ငါ့အားဝတ်ပြုကိုးကွယ် သူနှင့်ဝတ်မပြုမကိုးကွယ်သူတို့ တွေ့ကြုံ ခံစားရမှုမတူပုံကိုလည်းကောင်းသိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ပညာရှိများ၊ အသိပညာရှင်များ၊ ဤလောကတွင်စကားစစ်ထိုးတတ်သူများ ကား အဘယ်အခြေအနေမှာရှိပါသနည်း။ ဘုရားသခင်သည်လောကီဉာဏ်ပညာကို အချည်းနှီးဖြစ်စေတော်မူလေပြီ။
သင်တို့ရှက်ဖွယ်ကောင်းလှ၏။ ခရစ်ယာန်ညီအစ်ကို အချင်းချင်းအမှုအခင်းဖြစ်ပွားကြသောအခါ အသင်းတော်နှင့်တရားစီရင်ဆုံးဖြတ်နိုင်သူ ပညာရှိတစ်ယောက်မျှမရှိသလော။-