ငါ့အသက်ကုန်ပြီ။ ငါနေရသော ကာလလွန်ပြီ။ သင်္ချိုင်းသည် ငါ့အဘို့ဖြစ်၏။
နှစ်ပေါင်းမကြာမမြင့်မှီ တဖန်ပြန်၍ မလာရ သောလမ်းသို့ ငါလိုက်သွားရတော့မည်။
ငါ့နေ့ရက်လွန်ပြီ။ ငါနှလုံးသွင်းမိသော အကြံ အစည်တို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
ငါ့မယားသည် ငါ့အသက်လေကို၎င်း၊ ငါ့သား သမီးတို့သည် ငါမြည်တမ်းခြင်းအသံကို၎င်း ရွံ့ကြ၏။
ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ် အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ၊
ငါမြော်လင့်စရာအခွင့်ရှိရမည်အကြောင်း၊ ငါ့ခွန်အားကားအဘယ်သို့နည်း။ ငါသည်ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။
ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မြော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ၏။
ငါသည်မိမိလူမျိုးတော်အားအသက်ရှင် ခွင့်ကိုပေး၏။ သူတို့အားဆက်လက်၍ပြစ် တင်စွပ်စွဲလျက်အစဉ်အမြဲအမျက်ထွက် လျက်နေလိမ့်မည်မဟုတ်။-