အချည်းနှီးသော စကားမကုန်နိုင်သလော။ သင်သည်စကားတုံ့ပြန်ပြောခြင်းငှါ အဘယ်ကြောင့် ရဲရင့်သနည်း။
ပညာရှိသောသူသည် လေနှင့်တူသော အချည်း နှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေ နှင့်ပြည့်စေသင့်သလော။
ငါသည်ကိုယ်ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်း စကား ကိုကြား၍၊ ငါ့ဥာဏ်သဘောနှိုးဆော်သဖြင့် ငါပြန်ပြော ရ၏။
သင်တို့သည်ကိုယ်တိုင် သိမြင်လျက်၊ ဤမျှလောက် အချည်းနှီးသောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။
ငါစကားပြောရုံကာမျှကို အပြစ်တင်မည်ကြံစည်ကြသလော။ မြော်လင့်စရာမရှိသောသူ ပြောသော စကားသည် လေသက်သက်ဖြစ်၏။
သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း။ သင်ပြောသောစကားသည် အဘယ်မျှကာလ ပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း။
ထိုအခါကိုယ်တော်အားမည်သူမျှအဖြေမပေး နိုင်ကြ။ ထိုနေ့မှစ၍မည်သူမျှကိုယ်တော်အား နောက်ထပ်မမေးမြန်းဝံ့တော့ပေ။
ထိုသူတို့၏နှုတ်ကိုပိတ်ရန်လိုအပ်လာပေ ပြီ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ငွေ ရရှိရေးရည်ရွယ်ချက်ဖြင့် မသွန်သင်သင့် သောအရာများကိုသွန်သင်ခြင်းအားဖြင့် အိမ်ထောင်စုများကိုကမောက်ကမဖြစ်စေ ကြသောကြောင့်တည်း။-
သင်၏ရန်သူများသည်ငါတို့အားအဘယ် အမှုတွင်မျှအပြစ်ရှာ၍မရသဖြင့် အရှက် ကွဲကြစေရန်သင်သည်သူတစ်ပါးတို့ပြစ် တင်ဝေဖန်မှုမပြုနိုင်အောင်လျောက်ပတ်သည့် စကားကိုပြောဆိုလော့။
ဤအတိုင်းတစ်နှစ်ပြီးတစ်နှစ်လွန်ခဲ့၏။ သူတို့ သည်ထာဝရဘုရား၏အိမ်တော်သို့သွားရောက် သည့်အခါတိုင်း ပေနိန္နသည်ဟန္နအားစိတ်ဒုက္ခ ရောက်စေသဖြင့် ဟန္နသည်အဘယ်အစားအစာ ကိုမျှမစားဘဲငို၍သာနေတတ်၏။-