Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 16:20

Common Language Bible

ငါ့သဘောကို သိသောသူသည် မြင့်သောအရပ်၌ ရှိ၏။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည် ဘုရားသခင့်ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​အ​မှု​တော်​ကို​သစ္စာ​နှင့်​ဆောင်​ရွက်​လျက် ကိုယ် တော်​ပြု​စေ​လို​သည်​အ​တိုင်း​ပြု​သည်​ကို​သ​တိ ရ​တော်​မူ​ပါ'' ဟု​ပတ္ထ​နာ​ပြု​ပြီး​လျှင်​အ​လွန် ငို​ကြွေး​လေ​၏။

ငိုခြင်းအားဖြင့် ငါ့မျက်နှာပျက်လျက်၊ ငါ့မျက် ခမ်းအပေါ်မှာ သေခြင်းအရိပ်လွှမ်းမိုးလျက် ရှိ၏။

လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။

သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင်၊ ငါသည်သင်တို့ တဘက်က စကားများကို ပုံ၍ထားနိုင်၏။ ခေါင်းကိုလည်း ခါနိုင်၏။

ဘုရားသခင်သည် ငါ့ကိုပင်ပန်းစေတော်မူပြီ။ငါ့အိမ်ကို သုတ်သင်ပယ်ရှင်းတော်မူပြီ။

ကဲ့ရဲ့တတ်သော သူတို့သည် ငါ့ရှေ့မှာရှိကြသည်မဟုတ်လော။ သူတို့နှောင့်ရှက်သော အခြင်းအရာတို့ကို အစဉ် ငါကြည့်မြင်ရသည်မဟုတ်လော။

ဝမ်းနည်းခြင်းအားကြီးသောကြောင့် ငါ့မျက်စိ မှုန်၏။ ကိုယ်အင်္ဂါများတို့သည် အရိပ်ကဲ့သို့ ဖြစ်ကြ၏။

ငါ့ညီအစ်ကိုတို့ကို ငါနှင့် ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူဖြစ် ကြ၏။

ဘုရားသခင်ကိုတွေ့နိုင်သော အရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။

ကျွန်​တော်​မျိုး​သည်​သူ​တို့​အား​မေတ္တာ​ပြ​လျက် သူ​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော်​လည်း သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု ကြ​ပါ​၏။

ငါ​သည်​မိ​မိ​အ​ခက်​အ​ခဲ​ရှိ​သ​မျှ​ကို ကိုယ်​တော်​အား​ဖော်​ပြ​ပါ​၏။ ဒုက္ခ​ရှိ​သ​မျှ​ကို​ကိုယ်​တော်​အား​လျှောက်​ထား ပါ​၏။

ခ​ရစ်​တော်​သည်​လူ့​ဇာ​တိ​နှင့်​သက်​တော်​ထင်​ရှား ရှိ​စဉ်​အ​ခါ​က မိ​မိ​အား​သေ​ခြင်း​မှ​ကယ်​တင် တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​သို့ ကြွေး​ကြော်​ကာ​မျက်​ရည်​ကျ​လျက်​ဆု​တောင်း ပတ္ထ​နာ​ပြု​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​လည်း ကိုယ်​တော်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ် တော်​သည်​စိတ်​နှ​လုံး​နှိမ့်​ချ​လျက် ဘု​ရား သ​ခင်​၏​အ​လို​တော်​ကို​ဝန်​ခံ​တော်​မူ​သော ကြောင့်​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ