လူသည် သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံလျက်နေ ပါမည်။
သို့ရာတွင်ဗာဇိလဲက``အကျွန်ုပ်သည်ကြာ ကြာအသက်ရှင်ရတော့မည်မဟုတ်ပါ။ အ ဘယ်ကြောင့်အရှင်မင်းကြီးနှင့်ယေရုရှလင် မြို့သို့လိုက်ရပါမည်နည်း။-
ငါ့ကိုသတ်တော်မူ၍၊ ငါမြော်လင့်စရာမရှိသော်လည်း၊ ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်။
ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မှီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့စရာ အချိန်ကို ချိန်းချက်တော်မူပါစေ။
အကျွန်ုပ်ကို ခေါ်တော်မူပါ။ အကျွန်ုပ်ပြန် လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနားခြင်း စိတ်ရှိတော်မူပါ။
လူ၏နေ့ရက်တို့ကို မှတ်သား၍၊ သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူ မလွန်နိုင်သော အပိုင်းအခြားကို ထားတော်မူသော ကြောင့်၊
မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည်။ သူ့ကို မြင်ဘူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။
ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ် အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ၊
လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်း ရသည် မဟုတ်လော။ သူနေရသော နေ့ရက်တို့သည် အငှါးခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။
ထာဝရဘုရားအားကိုးစားလော့။ စိတ်မပျက်နှင့်၊ယုံကြည်ခြင်းရှိလော့။ ထာဝရဘုရားအားကိုးစားလော့။
အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ် သည်နှင့်အညီ၊ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား မျက်နှာတော်ကိုမပြဘဲနေတော်မူ သော်လည်း၊ ငါသည်ကိုယ်တော်ကိုယုံကြည် အားထားစောင့်စားမျှော်ကိုးပါမည်။-
သူသေတို့ကိုဘုရားသခင်ရှင်ပြန်ထ မြောက်စေတော်မူသည်ကို ဤတွင်ရှိနေသူ တို့အဘယ်ကြောင့်မယုံနိုင်ကြပါသနည်း။''
ကိုယ်တော်သည်အရာခပ်သိမ်းကိုမိမိ၏အာဏာ စက်အောက်တွင်ရောက်စေတော်မူသောတန်ခိုးတော် အားဖြင့် ငါတို့၏သေကြေပျက်စီးတတ်သောကိုယ် ခန္ဓာကိုဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာ တော်နှင့်တူအောင် ပြောင်းလဲစေတော်မူလိမ့်မည်။
သမုဒ္ဒရာသည်မိမိ၌ရှိသောသေသူတို့ကို ပေးအပ်ကြ၏။ သေမင်းနှင့်မရဏာနိုင်ငံ သည်လည်း မိမိတို့၌ရှိသောသေသူတို့ကို ပေးအပ်ကြ၏။ လူအပေါင်းတို့သည် မိမိတို့ အကျင့်အလျောက်တရားစီရင်ခြင်းကို ခံရကြ၏။-