ယောဘဝတ္တု။ 13:14Common Language Bibleသို့သော်လည်း ငါသည် ကိုယ်အသားကို ပစပ် နှင့်ကိုက်ချီလျက်၊ ကိုယ်အသက်ကိုလည်း လက်နှင့်ကိုက် လျက် ဆောင်သွားမည်။ အခန်းကိုကြည့်ပါ။ |
ငါသည်သင့်ကိုနှိပ်စက်ညှဉ်းဆဲသူတို့အား အချင်းချင်းသတ်ဖြတ်စေမည်။ ထိုအခါငါသည်သင်တို့ကိုကယ်တင်ရွေးနုတ် တော်မူသောအရှင်၊ ထာဝရဘုရားဖြစ်တော်မူကြောင်းလူအပေါင်းတို့ သိရှိကြလိမ့်မည်။ ငါသည်ဣသရေလအမျိုးသားတို့၏တန်ခိုး တော်ရှင် ဘုရားသခင်ဖြစ်တော်မူသည်ကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ယင်းသို့ငါတို့အားသင်တို့ကယ်ကြမည့် ပုံမပေါ်သောအခါ ငါသည်အသက်စွန့်၍ အမ္မုန်အမျိုးသားတို့အားတိုက်ခိုက်ရန်ချီ သွားခဲ့ရပါသည်။ ထာဝရဘုရားကလည်း ငါ့အားသူတို့၏အပေါ်၌အောင်ပွဲခံစေ တော်မူ၏။ သို့ဖြစ်၍အဘယ်ကြောင့်သင် သည်ယခုငါ့အားလာရောက်တိုက်ခိုက် ပါသနည်း'' ဟုပြန်ပြော၏။-
သူသည်မိမိအသက်ကိုစွန့်၍ဂေါလျတ်ကို သတ်ခဲ့ပါ၏။ ဤနည်းအားဖြင့်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အားအောင်ပွဲ ကြီးတစ်ရပ်ကိုခံစေတော်မူခဲ့ပါ၏။ ထို အချင်းအရာကိုအရှင်မြင်တော်မူသော အခါဝမ်းမြောက်တော်မူခဲ့ပါ၏။ သို့သော် လည်းအရှင်သည်အပြစ်မရှိသူတစ်ယောက် အား အဘယ်ကြောင့်ပြစ်မှားလိုပါသနည်း။ အဘယ်ကြောင့်ဒါဝိဒ်ကိုအကြောင်းမဲ့သတ် တော်မူလိုပါသနည်း'' ဟုလျှောက်၏။