နှုတ်သတ္တိရှိသော သူတို့ကို စကားအစေ၍၊ အသက်ကြီးသော သူတို့မှပညာကို နှုတ်တော်မူ၏။
မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဥာဏ်ကိုနှုတ်၍၊ လမ်းမရှိသော တော၌လှည့်လည်စေတော် မူ၏။
ကိုယ်တော်သည် သူတို့ဥာဏ် ကိုကွယ်စေတော် မူသည်ဖြစ်၍၊ သူတို့ကို ချီးမြှောက်တော်မမူရ။
လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ်။ အသက်ကြီးသော သူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ်။
အကြောင်းမူကား၊ ဘုရားသခင်သည် ပညာမဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ၏။ ဥာဏ်ကိုပေးတော်မမူ။
ဖြောင့်မတ်သော သူ၏နှုတ်ခမ်းတို့သည် လူအ များကို ကျွေးတတ်၏။ မိုက်သောသူတို့မူကား၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။
သစ္စာနှုတ်ခမ်းသည် အစဉ်အမြဲတည်၏။ မုသာ လျှာမူကား ခဏသာတည်၏။
မုသာသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဘွယ်ဖြစ်၏။ သစ္စာတရားကို စောင့် ရှောက်သောသူတို့မူကား၊ နှစ်သက်တော်မူဘွယ် ဖြစ်ကြ ၏။