ရှင်ဘုရင်တို့ကို အရာမှချ၍ ခါးကြိုးနှင့် ချည်တော်မူ၏။
မင်းသားတို့ကို အရှက်ခွဲ၍၊ အားကြီးသော သူတို့ကို ရှုတ်ချတော်မူ၏။
မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော လောကီရှင်ဘုရင်၊
ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲ တော်မူသောကြောင့်၊ သူတို့သည် ငါ့ရှေ့မှာ ဇက်ကြိုးကို လွှတ်တတ်ကြ၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်ပါ၏။ ကျွန်တော်မျိုး၏မိခင်နည်းတူကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏အစေကိုခံပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသေ ဘေးမှ ကယ်တော်မူပါပြီ။
သူတို့တွင်မောပန်းသူ၊ ခြေချော်သူဟူ၍ မရှိ။ ငိုက်မြည်းသူ၊ အိပ်ပျော်သူလည်းမရှိ။ သူတို့၏ခါးစည်းများသည်မပြေ။ ဖိနပ် ကြိုးများသည်လည်းမပြတ်။-
ကိုယ်တော်သည်အချိန်ကာလနှင့်ရာသီဥတု တို့ကို အစိုးရတော်မူ၏။ ဘုရင်တို့အားနန်းတင်နန်းချတော်မူ၏။ ကိုယ်တော်သည်လူတို့အားဉာဏ်ပညာနှင့် အသိတရားကိုပေးတော်မူ၏။
ယောဟန်သည်ကုလားအုတ်မွေးအဝတ်ကြမ်းကို ဝတ်၍ သားရေခါးပန်းကြိုးကိုစည်းထား၏။ သူ ၏အစားအစာမှာကျိုင်းကောင်နှင့်ပျားရည်ဖြစ်၏။-
ကိုယ်တော်၏ဝတ်လုံတော်နှင့်ပေါင်တော်တွင်``ဘုရင် တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်'' ဟူသောအမည်နာမတော်ကိုရေးထားလျက် ရှိ၏။