Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 11:3

Common Language Bible

သင်ပြောသောမုသာစကားကြောင့် သူတပါးတို့သည် တိတ်ဆိတ်စွာနေရမည်လော။ သင်ကဲ့ရဲ့သောအခါ အဘယ်သူသည် အရှက်မကွဲနေရမည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံရအံ့သောငှါဆုတောင်းပဌနာပြုစဉ်တွင်၊ အိမ်နီးချင်း ပြက်ယယ်ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ်မရှိ ဖြောင့်မတ်သောသူသည် ပြက်ယယ်ပြုခြင်းကို ခံရပါသည် တကား။

သင်တို့သည် တယောက်မျှမကြွင်း၊ မုသာကို ပြုပြင်သောသူ၊ အသုံးမရသောဆေးသမား ဖြစ်ကြ၏။

သင်တို့ကိုကျပ်တည်းစွာ စစ်တော်မူလျှင်၊ သင်တို့၌ ကျေးဇူးရှိလိမ့်မည်လော။ လူကိုလှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော။

ကဲ့ရဲ့တတ်သော သူတို့သည် ငါ့ရှေ့မှာရှိကြသည်မဟုတ်လော။ သူတို့နှောင့်ရှက်သော အခြင်းအရာတို့ကို အစဉ် ငါကြည့်မြင်ရသည်မဟုတ်လော။

ငါပြောရသောအခွင့်ရှိစေခြင်းငှါ သည်းခံကြ လော့။ ငါပြောပြီးမှ ပြက်ယယ်ပြုချင်လျှင် ပြုကြလော့။

သို့မဟုတ်လျှင်၊ ငါ၏မုသာအပြစ်ကို အဘယ်သူ ပြမည်နည်း။ ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။

ယောဘနှင့်တူသော သူတစုံတယောက်ရှိလိမ့်မည်လော။ ရေကို သောက်သကဲ့သို့ ကဲ့ရဲ့ခြင်းကို မျိုတတ်၏။

ငါ့​အား​နာ​ကြည်း​အောင်​ပြောင်​လှောင်​ကြ​၏။ မုန်း​မာန်​ပွား​၍​ငါ့​ကို​စူး​စူး​ဝါး​ဝါး​ကြည့် ကြ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော် ကြီး​မား​ကြောင်း​ကို​ဝန်​ခံ​ကြ​စေ​ရန်​မျက်​နှာ​ကို ရှက်​စေ​တော်​မူ​ပါ။

ကျွန်​တော်​မျိုး​သည်​အ​ခြား​သူ​များ​နှင့် ရယ်​မော​လျက် အ​ပျော်​အ​ပါး​လိုက်​စား​လျက် အ​ချိန်​မ​ဖြုန်း​ပါ။ ကိုယ်​တော်​ရှင်​ပေး​အပ်​ထား တော်​မူ​သည့်​အ​လုပ်​တာ​ဝန်​ကြောင့် ကျွန်​တော် မျိုး​သည်​တစ်​ဦး​တစ်​ယောက်​တည်း​နေ​ထိုင် ကာ​အ​မျက်​ဒေါ​သ​နှင့်​ပြည့်​၍​လာ​ပါ​၏။-

အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​သည်​ဤ​စာ တွင်​ပါ​ရှိ​သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက် နာ​သော် ထို​သူ​ကို​သ​တိ​ပြု​၍​အ​ရှက်​ရ​စေ ရန်​သူ​နှင့်​မ​ပေါင်း​ဖော်​ကြ​နှင့်။-

သင်​၏​ရန်​သူ​များ​သည်​ငါ​တို့​အား​အ​ဘယ် အ​မှု​တွင်​မျှ​အ​ပြစ်​ရှာ​၍​မ​ရ​သ​ဖြင့် အ​ရှက် ကွဲ​ကြ​စေ​ရန်​သင်​သည်​သူ​တစ်​ပါး​တို့​ပြစ် တင်​ဝေ​ဖန်​မှု​မ​ပြု​နိုင်​အောင်​လျောက်​ပတ်​သည့် စ​ကား​ကို​ပြော​ဆို​လော့။

``အ​ဆုံး​စွန်​သော​ကာ​လ​၌​သင်​တို့​ကို​ပြောင် လှောင်​သူ​များ၊ မိ​မိ​တို့​လို​အင်​ဆန္ဒ​ရှိ​သည့် အ​တိုင်း ဘု​ရား​မဲ့​ပြု​မူ​ကျင့်​ကြံ​သူ​များ ပေါ်​ပေါက်​လာ​လိမ့်​မည်'' ဟု​ယ​ခင်​က​သင် တို့​အား​ပြော​ကြား​ခဲ့​သည့်​စ​ကား​ကို သ​တိ​ရ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ