ထိုသို့ အကျွန်ုပ်သည် မဖြစ်သကဲ့သို့ဖြစ်၍၊ အကျွန်ုပ်ကိုအမိဝမ်းထဲမှ သင်္ချိုင်းသို့ ဆောင်ပို့ရကြ၏။
အကျွန်ုပ်ကို အမိဝမ်းထဲက အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ ထိုသို့ပြုတော်မမူလျှင် အကျွန်ုပ် သည်အသက်မရှိ၊ အဘယ်သူမျှ အကျွန်ုပ်ကိုမမြင်ရပါ။
အကျွန်ုပ် နေ့ရက်တို့သည် နည်းပါးသည် မဟုတ် လော။
အကြောင်းမူကား၊ မှောင်မိုက်မရောက်မှီ ငါ့ကို ပယ်ရှင်းတော်မမူ၊ ဝစူထပ်သောမှောင်မိုက်မှ ငါ့ကို ကွယ်ကာတော်မမူပါတကား။
ငါသည်မွေးစက အဘယ်ကြောင့်မသေသနည်း။ အမိဝမ်းထဲမှ ထွက်စက အဘယ်ကြောင့် အသက်မချုပ် သနည်း။
သို့မဟုတ် အချိန်နေ့လမစေ့မှီ မွေးသောသူငယ်၊ အလင်းကို မမြင်ရသောသူငယ်ကဲ့သို့ ငါပျက်စီးရပြီ။
သူတို့သည်အကျိအချွဲအဖြစ်သို့အရည် ပျော်၍ သွားတတ်သည့်ပက်ကျိများကဲ့သို့ဖြစ်ကြပါစေသော။ အလင်းရောင်ကိုအဘယ်အခါ၌မျှမမြင်ရသည့် လျှောမွေးကဲ့သို့ဖြစ်ကြပါစေသော။