Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 1:22

Common Language Bible

ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်းမမှားယွင်း။ ထာဝရဘုရားကိုလည်းအပြစ် မတင်ဘဲနေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

တဖန်ဘုရားသခင်၏ သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ လာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရားထံတော်၌ခစားခြင်းငှါ သူတို့နှင့်အတူလာ၏။

ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘ သည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။

သို့ဖြစ်၍ ဥာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည် ဘုရားသခင်နှင့်၎င်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။

မြေကြီးပေါ်မှာ ဖြစ်တတ်သော အနတ္တအမှု တပါးဟူမူကား၊ အဓမ္မလူပြုသောအမှုကြောင့် ခံထိုက် သည်အတိုင်း၊ ဖြောင့်မတ်သောသူအချို့တို့သည် အပြစ်ကို ခံရကြ၏။ ထိုနည်းတူ၊ ဖြောင့်မတ်သောသူ ပြုသောအမှု ကြောင့် ခံထိုက်သည်အတိုင်း၊ အဓမ္မလူအချို့တို့သည် အကျိုးကိုခံရကြ၏။ ထိုအမှုရာသည်လည်း အနတ္တဖြစ် သည်ဟု ငါ့သဘောရှိ၏။

ငါ​တို့​တွေ့​မြင်​ရ​ကြ​သည့်​အ​တိုင်း​မာန်​မာ​န ကြီး​သူ​များ​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​ယုတ်​မာ တို့​သည်​ကောင်း​စား​ကြ​၏။ ထို​မျှ​မ​က​သူ​တို့ သည်​ဘု​ရား​သ​ခင်​၏​ခန္တီ​ပါ​ရ​မီ​တော်​ကို အ​ကဲ​စမ်း​ကြ​သော်​လည်း​အ​ဘယ်​ဒုက္ခ​နှင့် မျှ​မ​တွေ့​ရ​ကြ' ဟု​ဆို​ကြ​၏'' ဟု​မိန့်​တော် မူ​၏။

မိတ်​ဆွေ၊ သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​ဘု​ရား သ​ခင်​အား​ဤ​သို့​လျှောက်​ထား​နိုင်​သ​နည်း။ အ​ဖန်​ဆင်း​ခံ​က​ဖန်​ဆင်း​တော်​မူ​ရှင်​အား``အ​ရှင် သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​ဤ​သို့ ဖန်​ဆင်း​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​နိုင်​မည် လော။-

စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ကြံ့​ကြံ့​ခံ​နိုင်​သော သူ​သည်​မင်္ဂ​လာ​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​သူ​သည်​ယင်း​သို့​ခံ​နိုင်​သည်​ရှိ​သော် ဘု​ရား သ​ခင်​ကို​ချစ်​သော​သူ​တို့​အား​ကိုယ်​တော်​က​တိ ထား​တော်​မူ​သည့်​အ​သက်​တည်း​ဟူ​သော​ဆု ကို​ရ​ရှိ​မည်​ဖြစ်​သော​ကြောင့်​တည်း။-

သင်​တို့​သည်​မည်​သည့်​အ​ရာ​မျှ​ချို့​တဲ့​မှု​မ​ရှိ ဘဲ​ပြည့်​ဝ​စုံ​လင်​ကြ​စေ​ရန်​အ​ဆုံး​တိုင်​အောင် ခံ​နိုင်​ရည်​ရှိ​ရ​ကြ​မည်။-

ထို​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​ကို​ခံ​ရ​ခြင်း မှာ​ဘု​ရား​သ​ခင်​အား​အ​ကယ်​ပင်​သင်​တို့ ယုံ​ကြည်​ကိုး​စား​မှု​ရှိ​မ​ရှိ​ကို​စစ်​ဆေး​ရန် ဖြစ်​၏။ ဖောက်​ပြန်​ပျက်​စီး​တတ်​သော​ရွှေ​ကို ပင်​လျှင် အ​ရည်​ကျို​၍​စစ်​တမ်း​တင်​ရ​သည် ဖြစ်​ရာ​ရွှေ​ထက်​များ​စွာ​ပို​မို​အ​ဖိုး​ထိုက် သည့် သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကို​လည်း တည်​တံ့​ခိုင်​မြဲ​စေ​ရန်​စစ်​တမ်း​တင်​ရ​မည်။ သို့​မှ​သာ​လျှင်​သင်​တို့​သည်​သ​ခင်​ယေ​ရှု ခ​ရစ်​ကြွ​လာ​တော်​မူ​ချိန်​၌​ဂုဏ်​ပြု​ချီး ကူး​ခြင်း​နှင့်​ဘုန်း​အ​သ​ရေ​ကို​ခံ​ယူ နိုင်​ကြ​ပေ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ