ယုဒ 1:4Common Language Bibleအဘယ်ကြောင့်ဆိုသော်တရားမဲ့သူလူ အချို့တို့သည် သင်တို့အထဲသို့အမှတ် မထင်ဝင်ရောက်လျက်ရှိနေကြသောကြောင့် ပင်ဖြစ်၏။ သူတို့သည်ဘုရားမရှိသူများ ဖြစ်၍ ငါတို့ဘုရားသခင်၏ကျေးဇူးတော် ကိုမိမိတို့၏အပျော်အပါးလိုက်စားမှု များအတွက်အလွဲသုံးစားပြုလုပ်ကြ လျက် ငါတို့၏တစ်ပါးတည်းသောအရှင် သခင်ဖြစ်တော်မူသည့်သခင်ယေရှုခရစ် ကိုပစ်ပယ်ကြလေသည်။ ထိုသူတို့ကား ရှေးမဆွကပင်လျှင် အပြစ်ဒဏ်စီရင်ရန် သတ်မှတ်ထားခြင်းခံရကြသူများ ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။ |
သူတို့အနက်အချို့တို့သည်အိမ်များသို့ဝင်၍ အသိအလိမ္မာနည်းသည့်အမျိုးသမီးတို့ကို မိမိတို့လက်တွင်းသို့ရောက်အောင်ပြုလုပ်တတ် ကြ၏။ ထိုအမျိုးသမီးများသည်မိမိတို့ပြု မိခဲ့သည့်အပြစ်များဖြင့်ဝန်လေး၍ အမျိုး မျိုးသောအာသာရမ္မက်များ၏ဆွဲဆောင်မှု ကိုခံလျက်၊-
တစ်ကမ္ဘာလုံးကိုတရားစီရင်တော်မူလိမ့် မည်။ လူအပေါင်းတို့အား မိမိတို့၏ဆိုးသွမ်း ယုတ်မာမှုများအတွက်လည်းကောင်း၊ ဘုရား မဲ့အပြစ်သားတို့ဘုရားသခင်အား ရိုင်းပြ စွာပြစ်မှားပြောဆိုကြသည့်စကားများ အတွက်လည်းကောင်း အပြစ်ဒဏ်စီရင်တော် မူလိမ့်မည်'' ဟုရှေးမဆွကပင်လျှင်ကြို တင်ဟောပြောခဲ့လေသည်။-
အို ဘုရားသခင်၊ကိုယ်တော်ရှင်အားမကြောက်ရွံ့ မရိုသေဘဲအဘယ်သူနေနိုင်ပါမည်နည်း။ ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် သန့်ရှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် တရားမျှတကြောင်းပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာတို့သည်ရှေ့တော်သို့လာ၍ ပျပ်ဝပ်ရှိခိုးကြပါလိမ့်မည်'' ဟူ၍ဘုရားသခင်၏အစေခံမောရှေ၏ သီချင်းနှင့် သိုးသူငယ်တော်၏သီချင်းကို သီဆိုလျက်နေကြ၏။