ယုဒ 1:21Common Language Bibleဘုရားသခင်၏မေတ္တာတော်တွင်ခိုလှုံကြ လော့။ အရှင်သခင်ယေရှုခရစ်သည်မိမိ၏ ကရုဏာတော်ကိုထောက်၍ သင်တို့အား ထာဝရအသက်ကိုပေးတော်မူမည့်နေ့ရက် ကိုစောင့်မျှော်၍နေကြလော့။ အခန်းကိုကြည့်ပါ။ |
ယခုအခါ၌ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံသူအားပေးအပ်သည့်အောင်ဆုသည် ငါ့အတွက်အသင့်ရှိနေပြီ။ ဖြောင့်မတ်စွာ တရားစီရင်တော်မူသောတရားသူကြီး တည်းဟူသောသခင်ဘုရားသည် ထိုဆုကို တရားစီရင်တော်မူရာနေ့၌ငါ့အားပေး အပ်တော်မူလိမ့်မည်။ ငါ့ကိုသာမကဤ လောကသို့နောက်တစ်ဖန်ကိုယ်တော်ပေါ် ထွန်းတော်မူမည်ကိုတောင့်တစောင့်မျှော်သူ အပေါင်းတို့အားလည်းပေးတော်မူလိမ့်မည်။
ထိုနည်းတူစွာခရစ်တော်သည်လည်းလူအများ ၏အပြစ်ကိုဖြေလွှတ်ရန်အတွက် မိမိ၏ကိုယ် ကိုတစ်ကြိမ်တည်းတင်လှူပူဇော်တော်မူသည်။ အပြစ်ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းရန် မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသူတို့အား ကယ်တင်တော်မူရန် ကိုယ်တော်သည်ဒုတိယ အကြိမ်ကြွလာတော်မူပေအံ့။